ပြင်သစ် ကားကုမ္ပဏီ Renault က ဘာစီလိုနာမှာ မောင်းသူမဲ့ လျှပ်စစ် မီနီ ဘတ်စ်ကားတွေကို စမ်းသပ်နေပြီး ပြည်သူတွေကို အခမဲ့ စီးခွင့်ပြုထားပါတယ်။ အဲဒီ လျှပ်စစ် ဘတ်စ်ကားဟာ ဘာစီလိုနာမှာ ၂.၂ ကီလိုမီတာ (၁.၃ မိုင်) ခရီးကို ပြေးဆွဲပေးနေပြီး မှတ်တိုင် ၄ ခုမှာ ရပ်နားပါတယ်။
Renault က မောင်းသူမဲ့ ကားတွေကို ဖန်တီးနေတဲ့ WeRide နဲ့ ပူးပေါင်းဖန်တီးထားတဲ့ မီနီ ဘတ်စ်ကားတွေမှာ ကင်မရာ ၁၀ လုံး တပ်ဆင်ထားပြီး အလိုအလျှောက် မောင်းနှင်ဖို့ Lidar ၈ ခု ပါပါတယ်။ အားအပြည့်သွင်းထားရင် ၁၂၀ ကီလိုမီတာ (၇၅ မိုင်) မောင်းနှင်နိုင်ပြီး အမြန်နှုန်းက တစ်နာရီကို ၄၀ ကီလိုမီတာ (တစ်နာရီကို ၂၅ မိုင်) မောင်းနှင်နိုင်ပါတယ်။
Renault က ဥရောပမှာ Level 4 မောင်းသူမဲ့ စနစ်ကို ဖန်တီးဖို့ ရည်ရွယ်ထားပြီး သတ်မှတ်ထားတဲ့ ဧရိယာမှာ ကားတွေ အလိုအလျှောက် မောင်းနှင်နိုင်အောင် ဖန်တီးမှာ ဖြစ်ပါတယ်။
Renault က ပြင်သစ်နိုင်ငံ ဗလန်စီနဲ့ ဆွစ်ဇာလန် နိုင်ငံ ဇူးရစ် လေဆိပ်မှာ မောင်းသူမဲ့ ကားတွေကို စမ်းသပ်မယ့် စီမံကိန်းတွေကို လုပ်ဆောင်နေပါတယ်။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ မောင်းသူမဲ့ ကားတွေကို လမ်းတွေပေါ်မှာ စမ်းသပ်နေကြပြီ ဖြစ်ပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာတော့ မောင်းသူမဲ့ ကားတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။