Samsung က အိန္ဒိယမှာ Galaxy F06 5G ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ 6.7” LCD HD+  Display တပ်ထားပြီး 90Hz Refresh Rate, 800 Nits Peak Brightness ပါလာပါတယ်။

Samsung Galaxy F06 5G featured

MediaTek Dimensity 6300 Chipset မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage အထိ ထည့်သွင်းထားပါတယ်။ Android 15 အခြေပြု One UI 7 ထည့်ထားပါတယ်။ Samsung က Android OS Update နဲ့ Security Update ကို ၄ နှစ်ပေးမယ်လို့ ပြောထားပါတယ်။ 25W Fast Charging ပါတဲ့ 5,000mAh Battery ပါလာပါတယ်။

Samsung Galaxy F06 5G - Bahama Blue

ကင်မရာ အကြောင်းပြောရရင် အနောက်ဘက်မှာ 50MP Main , 2MP Auxiliary နဲ့ အရှေ့ဘက်မှာ 8MP တပ်ဆင်ထားပါတယ်။ microSD Card Slot နဲ့ Hybrid SIM Slot ပါလာပြီး လက်ဗွေရာ ကိရိယာကို ဘေးဘက်မှာ ထည့်သွင်းထားပါတယ်။ နားကြပ်ပေါက် ပါလာပြီး အလေးချိန်က ၁၉၁ ဂရမ်ပဲ ရှိပါတယ်။

Galaxy F06 5G အတွက် 4/128GB နဲ့ 6/128GB Version တွေ ထုတ်လုပ်ထားပြီး ၉,၉၉၉ နဲ့ ၁၁,၄၉၉ ရူပီး အသီးသီး သတ်မှတ်ထားပါတယ်။ ၁၅၃ ဒေါ်လာနဲ့ ၁၇၆ ဒေါ်လာ အသီးသီး တန်ကြေး ရှိပါတယ်။ Bahama Blue နဲ့ Lit Violet အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : Gizmochina