ဒီနေ့ခေတ် Foldable စမတ်ဖုန်း အများစုဟာ အတွင်းဘက်ကို ခေါက်ချိုးတဲ့ဒီဇိုင်း ဖြစ်ပါတယ်။ ခေါက်ချိုးထားရင် Main Screen ကို အနောက်ဘက် ကာဗာက ကာကွယ်ထားပြီး အပြင်ဘက်မှာ Cover Screen တပ်ထားကြပါတယ်။
Huawei လို တချို့ ကုမ္ပဏီတွေက အပြင်ဘက်ကို ခေါက်ချိုးတဲ့ ဖုန်းတွေကိုလည်း ထုတ်လုပ်ထားပါတယ်။ Screen ကို ဖြန့်ထားထား၊ ခေါက်ထားထား အသုံးပြနိုင်ပြီး Cover Screen မလိုတော့ပါဘူး။ ဒါပေမယ့် Display ဟာ အမြဲတမ်း ပေါ်နေတဲ့အတွက် အဲဒီဒီဇိုင်း ဖုန်းတွေဟာ မာကျောမှု အားနည်းပါတယ်။
အပြင်ဘက်ရော ၊ အတွင်းဘက်မှာ ခေါက်ချိုးနိုင်တဲ့ Foldable Device ဆိုရင် ဘယ်လို နေမလဲ? Samsung က အဲဒီလို ဖုန်း ဒီဇိုင်း Patent ကို မှတ်ပုံတင်ထားပါတယ်။
Patent မှာ Display ကို အတွင်းဘက်ရော အပြင်ဘက်ပါ ခေါက်ချိုးနိုင်ပြီး ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်ပါတယ်။ Cover Display လည်း မလိုတော့ပါဘူး။ Patent မှာ Ultra-thin Glass (UTG) Flexible Screen ရဲ့ အောက်မှာ Samsung ရဲ့ Supportive Layer ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ Patent ပဲ ရှိသေးတဲ့အတွက် Samsung က တကယ် ထုတ်လုပ်ရောင်းချမလားဆိုတာ မသိရသေးပါဘူး။
Samsung ဟာ ၂၀၂၃ ခုနှစ်မှာ Flex In & Out Concept လို့ ခေါ်တဲ့ အလားတူ Device ကို ပြသခဲ့ဖူးပေမယ့် အဲဒီ Device အကြောင်း နောက်ပိုင်းမှာ မကြားရတော့ပါဘူး။
Ref : gsmarena