တောင်ကိုရီးယားက အချိန်ခဏလေးအတွင်း နာမည်ကြီးလာတဲ့ DeepSeek AI Chatbot App ကို ဘန်းလိုက်ပါတယ်။ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက် ကာကွယ်ရေး ကော်မရှင် (PIPC) က ဒီလ ၁၅ ရက်နေ့က စတင်ကာ DeepSeek ကို ဒေါင်းလုပ် လုပ်လို့ မရတော့ဘူးလို့ ပြောပါတယ်။ အစိုးရက တရုတ် ကုမ္ပဏီဟာ ဒေတာတွေကို ဘယ်လို ကိုင်တွယ်သလဲ ဆိုတာ စုံစမ်းမှာ ဖြစ်ပါတယ်။

New downloads of DeepSeek suspended in South Korea, data protection agency  says | Reuters

အဲဒီ App ကို User အသစ်တွေက အသုံးပြုလို့ မရပေမယ့် သုံးနေပြီးသား လူတွေက ဆက်လက် အသုံးပြုနိုင်ပါတယ်။ PIPC က စုံစမ်းစစ်ဆေးမှု မပြီးသေးခင် ဂရုစိုက် သုံးဖို့ လက်ရှိ သုံးနေတဲ့ User တွေကို သတိပေးထားပါတယ်။ အစိုးရက DeepSeek  ဟာ ဒေတာတွေကို ဘယ်လို ကိုင်တွယ်သလဲ ဆိုတာနဲ့ တောင်ကိုရီးယား ရဲ့ Privacy ဥပဒေကို လိုက်နာသလားဆိုတာ စစ်ဆေးမှာ ဖြစ်ပါတယ်။

South Korea spy agency says DeepSeek 'excessively' collects personal data |  Reuters

DeepSeek ကို တောင်ကိုရီးယား မှာ သာမက ဩစတြေးလျ၊ ထိုင်ဝမ်နဲ့ အီတလီမှာ ဘန်းထားပါတယ်။ အမေရိကန်မှာ အစိုးရ Device တွေမှာ ဘန်းဖို့ စဉ်းစားနေကြပါတယ်။

DeepSeek ဟာ ကုန်ကျစားရိတ်သက်သာစွာနဲ့ဖန်တီးထားတဲ့အတွက် နာမည်ကြီးလာတာ ဖြစ်ပါတယ်။ ကုမ္ပဏီက R1 Chatbot ကို ဖန်တီးဖို့ ဒေါ်လာ ၆ သန်းအောက်ပဲ ကုန်ကျတယ်လို့ ပြောပါတယ်။ ဒါဟာ Google နဲ့ OpenAI တို့ AI ဖန်တီးဖို့ ကုန်ကျတဲ့ ငွေကြေးရဲ့ အစိတ်အပိုင်း အနည်းငယ်ပဲ ရှိပါတယ်။

Ref : cryptotimes