သစ်လွင်တဲ့ Burgundy အရောင်နဲ့ ထွက်ရှိလာတဲ့ iPhone 18 Pro   နဲ့ iPhone 18 Pro Max ဖုန်းတွေမှာ အသုံးပြုထားတဲ့ ဆေးအရောင်တွေ စပွန်းပြီး ကွက်လာတဲ့ ပြဿနာတွေ ဖြစ်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ iPhone 17 Pro အမျိုးအစားတွေတုန်းက Cosmic Orange အရောင်မှာလည်း ဒီလို ဆေးကွက်တဲ့ ပြဿနာ ကြုံတွေ့ခဲ့ရဖူးတာကြောင့် အခုသစ်လွင်တဲ့ အရောင်မှာလည်း အလားတူ ပြဿနာမျိုး ပြန်လည် ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

အသုံးပြုသူတစ်ဦးက iPhone 18 Pro Max ဖုန်းသစ်ကို ဝယ်ယူပြီး ၂ ပတ်ခန့်အကြာ ပုံမှန်ကိုင်တွယ် အသုံးပြုရုံနဲ့တင် ဖုန်းရဲ့ ဒေါင့်စွန်းဘက်တွေမှာ အရောင်တွေ မှိန်ဖျော့ပြီး ကျွတ်ထွက်လာတာကို တွေ့ရှိခဲ့ရပါတယ်။ Apple အနေနဲ့ ဖုန်းရဲ့ အပူချိန် ထိန်းသိမ်းမှု ပိုမို ကောင်းမွန်စေဖို့ Titanium အစား ပျော့ပျောင်းတဲ့ Aluminum Chassis ကို ပြောင်းလဲ အသုံးပြုခဲ့တာကြောင့် အခုလို ဆေးကျွတ်လွယ်တာနဲ့ ပွတ်တိုက်ဒဏ်၊ အစုတ်အပြဲဒဏ်တွေကို မခံနိုင်ဘဲ အလွယ်တကူ ဖြစ်ပေါ်ရတာလို့ ယူဆရပါတယ်။

iPhone 18 Pro Burgundy paint fading issues reported by some early adopters  - GSMArena.com news

ဒီလို ဈေးနှုန်းကြီးမားလှတဲ့ ဖုန်းတစ်လုံးအနေနဲ့ Phone Case မတပ်ဘဲ သာမန် ကိုင်တွယ်အသုံးပြုရုံနဲ့ ဆေးကွက်သွားတာကို သုံးစွဲသူအများအပြားက မကျေမနပ် ဖြစ်နေကြပါတယ်။ ဖုန်းကို Case တပ်ပြီး သုံးသင့်တယ်လို့ အချို့က ယူဆကြပေမယ့် အထက်တန်းစား ဖုန်းတစ်လုံးဟာ Case မပါဘဲ သုံးစွဲနိုင်အောင် ပုံစံထုတ်လုပ်ထားသင့်တယ်လို့ သုံးစွဲသူ အများအပြားက ဝေဖန်နေကြပါတယ်။

Ref : Phonearena