Donald Trump ရဲ့ Truth Social ကို ပိုင်ဆိုင်တဲ့ မီဒီယာကုမ္ပဏီဟာ ဒုတိယသုံးလပတ်မှာ ဒေါ်လာ ၂၃၈ သန်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ကုမ္ပဏီဟာ အရင်က ခရစ်ပတိုနဲ့ တခြားလုပ်ငန်းတွေ တိုးချဲ့ဖို့ ကြိုးစားခဲ့ပေမယ့် အခုအခါမှာ လူမှုကွန်ရက်ဘက်ကိုပဲ ပြန်လည်အာရုံစိုက်သွားမယ်လို့ အမှုဆောင်အရာရှိချုပ်သစ် Kevin McGurn က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် စွမ်းအင်ကုမ္ပဏီ TAE Technologies နဲ့ ပူးပေါင်းမယ့် နျူကလီးယားစွမ်းအင် စီမံကိန်းကိုတော့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Trump's sale of access to Truth Social raises eyebrows

အဲဒီ ပြောင်းလဲမှုတွေအပြင် ကုမ္ပဏီဟာ “Truth API” လို့ခေါ်တဲ့ အခကြေးငွေပေး ဝန်ဆောင်မှုအသစ်တစ်ခုကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ ဝန်ဆောင်မှုဟာ သမ္မတနဲ့ တခြားထိပ်တန်းအသုံးပြုသူတွေရဲ့ ပို့စ်တွေကို စောစီးစွာ ဖတ်ရှုနိုင်ခွင့်ကို တစ်လလျှင် ဒေါ်လာ ၆၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ သတ်မှတ်ပြီး Wall Street ကုန်သွယ်ရေးကုမ္ပဏီတွေကို ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ အစိုးရရဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာတာဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိနေပေမယ့် McGurn ကတော့ ဒါဟာ စီးပွားရေးလုပ်ငန်းတွေမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

What to know about Truth Social, Trump's social media platform | PBS News

ကုမ္ပဏီရဲ့ ဒုတိယသုံးလပတ် ဝင်ငွေဟာ ဒေါ်လာ ၁ ဒသမ ၇ သန်း ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကထက် ၈၉ ရာခိုင်နှုန်း တိုးလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ကုမ္ပဏီဟာ အကြွေး ဒေါ်လာ ၁ ဘီလီယံ ရှိနေပေမယ့် ငွေသားနဲ့ ရေတိုရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၄၀၀ ကျော်အပြင် ဘစ်ကွိုင်နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

Ref : The Guardian