အရင်နှစ် ကွာတား ၄ (အောက်တိုဘာလ ကနေ ဒီဇင်ဘာလ)မှာ vivo ဟာ တရုတ် စမတ်ဖုန်း ဈေးကွက်မှာ နံပါတ် ၁ ဖြစ်သွားပါတယ်။ စမတ်ဖုန်း ၁၃.၂ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၁၇.၆ ရာခိုင်နှုန်းရခဲ့ပါတယ်။ vivo ရဲ့ ရောင်းအားဟာ ၂၀၂၃ ခုနှစ် ကွာတား ၄ ထက် ၁၄.၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

vivo dominates Chinese smartphone market, Huawei rises while Apple falls

Apple က နံပါတ် ၂ နေရာမှာ စမတ်ဖုန်း ၁၃ သန်း၊ ဈေးကွက်ဝေစု ၁၇.၃ ရာခိုင်နှုန်းနဲ့ ရပ်တည်နေပါတယ်။ ဒါပေမယ့် အရင်နှစ်ကထက် ရောင်းအား ၇.၁ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ Huawei က နံပါတ် ၃ နေရာကို ရထားပါတယ်။ စမတ်ဖုန်း ၁၂.၇ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၁၆.၉ ရာခိုင်နှုန်း ရထားကာ အရင်နှစ်ကထက် ၁၄.၄ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

vivo dominates Chinese smartphone market, Huawei rises while Apple falls

Xiaomi က အရင်နှစ်ကထက် အကြီးမားဆုံး ရောင်းအားကောင်းလာပြီး ၂၉.၅ ရာခိုင်နှုန်းတောင် တိုးတက်လာပါတယ်။ Xiaomi ဟာ စမတ်ဖုန်း ၁၂.၃ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၁၆.၄ ရာခိုင်နှုန်း ရထားပါတယ်။ အဲဒီနောက်မှာ OPPO နဲ့ Honor တို့ ရပ်တည်နေပြီး ကုမ္ပဏီ ၂ ခုစလုံးဟာ စမတ်ဖုန်း ၁၀.၅ သန်းနဲ့ ဈေးကွက်ဝေစု ၁၄ ရာခိုင်နှုန်းရထားပါတယ်။ OPPO ဟာ ရောင်းအား ၇.၁ ရာခိုင်နှုန်းနဲ့ Honor ဟာ ၁၃.၂ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

၂၀၂၄ ခုနှစ် ကွာတား ၄ မှာ စုစုပေါင်း စမတ်ဖုန်း ၇၅ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၅.၃ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

Ref: gsmarena