vivo က V50 Series အတွက် V50 , V50 Lite 4G နဲ့ V50 Lite 5G ကို ရောင်းချထားပြီး အခုတော့ V50e ကို ကြေညာလိုက်ပါတယ်။

vivo V50e မှာ Dimensity 7300 SoC ပါလာပြီး 8GB RAM ထည့်သွင်းထားပါတယ်။ 128GB နဲ့ 256GB Storage တွေ ထုတ်လုပ်ထားပါတယ်။ Android 15 အခြေပြု Funtouch OS 15 မောင်းနှင်ထားပြီး vivo က Android Version Upgrade ၃ ကြိမ်နဲ့ Security Update ၄ နှစ်ရမယ်လို့ ပြောပါတယ်။

vivo V50e arrives with a trio of 50MP cameras and IP69 rating

vivo V50e မှာ 6.77” Quad-Curved AMOLED Display တပ်ထားပြီး 120Hz Refresh Rate နဲ့ FullHD+ Resolution ပါပါတယ်။ Screen ကို Diamond Shield Glass နဲ့ ကာကွယ်ထားပြီး 1,800 Nits Peak Brightness နဲ့ HDR10+ Support ပါပါတယ်။

vivo V50e arrives with a trio of 50MP cameras and IP69 rating

Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Punch Hole မှာ 50MP ဆဲလ်ဖီး ကင်မရာ တပ်ထားပါတယ်။ အနောက်ဘက်မှာ 50MP ကင်မရာ ၂ လုံး ထည့်ထားပါတယ်။ AI Image Expander နဲ့ AI Photo Enhancer တို့လို AI Feature တွေ ပါလာပါတယ်။

5,600mAh Battery နဲ့ 90W Charging ထည့်သွင်းထားပြီး IP68 , IP69 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။ Sapphire Blue နဲ့ Pearl White အရောင်တွေ ထုတ်လုပ်ထားပြီး 8/128GB Model ကို ၃၄၀ ဒေါ်လာနဲ့ 8/256GB Model ကို ၃၆၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ ဧပြီလ ၁၇ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena