ပြီးခဲ့တဲ့ပတ်က ရှန်ဟိုင်းမှာ ကျင်းပခဲ့တဲ့ Sex Toy ပြပွဲမှာ အသံနဲ့ခိုင်းစေလို့ရတဲ့ ပစ္စည်းတွေနဲ့ စကားပြောလို့ရတဲ့ Chatbot တွေက လာရောက်ကြည့်ရှုသူတွေကို အထူးဆွဲဆောင်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့ Sex Toy ထုတ်လုပ်မှုမှာ ထိပ်ဆုံးကရှိနေတဲ့ တရုတ်လုပ်ငန်းရှင်တွေဟာ အခုအခါမှာတော့ ကမ္ဘာတစ်ဝန်း ခေတ်စားနေတဲ့ AI နည်းပညာကို သူတို့ရဲ့ ထုတ်ကုန်တွေထဲမှာ စတင်ထည့်သွင်းလာကြပြီ ဖြစ်ပါတယ်။

The promising market of sex and sex toys in China - Marketing China

Luvmazer လိုမျိုး App တွေဆိုရင် အတုအယောင်ချစ်သူနဲ့ စကားပြောတာကို တုန်ခါမှုတွေအဖြစ် ပြောင်းလဲပေးနိုင်ပြီး Cydoll ကုမ္ပဏီကတော့ စကားပြောနိုင်ရုံတင်မကဘဲ ခံစားချက်တွေကိုပါ ဖော်ပြနိုင်တဲ့ စက်ရုပ်တွေကို နမူနာအဖြစ် ပြသခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ လူတွေက အပြင်ထွက်ဖို့ထက် အိမ်မှာပဲ တစ်ယောက်တည်း အချိန်ဖြုန်းတာကို ပိုနှစ်သက်လာကြတဲ့အတွက် AI နည်းပညာသုံး Sex Toy တွေက အထီးကျန်မှုကို ဖြေဖျောက်ပေးမယ့် အဖော်တွေဖြစ်လာမယ်လို့ လုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။

Early-stage' AI begins to make waves at China sex toy expo - Taipei Times

ဒါ့အပြင် အခြား Sex Toy ကုမ္ပဏီတွေကလည်း ဗီဒီယိုထဲက အခန်းအနားတွေအလိုက် အရှိန်နဲ့ ဖိအားကို အလိုအလျောက် ညှိပေးနိုင်တဲ့ App တွေနဲ့ ပတ်ဝန်းကျင်က အသံဗလံအပေါ် မူတည်ပြီး တုံ့ပြန်ပေးနိုင်တဲ့ စမတ်အရုပ်တွေကိုပါ ထုတ်လုပ်လာကြပါတယ်။ အရင်က ဒါမျိုးတွေက ရှားပါးပေမယ့် အခုအခါမှာတော့ Sex Toy ကုမ္ပဏီ တော်တော်များများက ဒီနည်းပညာတွေကို အပြိုင်အဆိုင် အသုံးပြုလာကြတာကို တွေ့ရပါတယ်။

ဒါပေမဲ့ AI နဲ့ ဖန်တီးထားတဲ့ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေဟာ ဥပဒေရေးရာနဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် စိုးရိမ်စရာတွေ ရှိနေပါသေးတယ်။ တရုတ်နိုင်ငံမှာ ညစ်ညမ်းတဲ့ အကြောင်းအရာတွေကို တရားမဝင်ဘူးလို့ ကန့်သတ်ထားတာကြောင့် AI နည်းပညာကို အသုံးပြုတဲ့နေရာမှာ ပြဿနာမတက်အောင် အလွန်သတိထားနေရတယ်လို့လည်း လုပ်ငန်းရှင်တွေက ဆိုပါတယ်။

Ref : Bangkokpost