Oppo Find X9 Ultra ကို ဧပြီလ ၂၁ ရက်နေ့မှသာ တရားဝင်မိတ်ဆက်မှာဖြစ်လို့ စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Unit ကို အစောကတည်းက ရရှိပြီးသား Reviewer တွေက Uniboxing video တွေ ဖော်ပြလိုက်ပြီ ဖြစ်ပါတယ်။
အခု ဒီသတင်းမှာတော့ Oppo Find X9 Ultra ရဲ့ Hasselblad Explorer Master Edition ဘူးထဲမှာ ဘာတွေ မြင်တွေ့ရမလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(၂) မိနစ်ခန့်သာ ကြာမြင့်တဲ့ အဆိုပါဗီဒီယိုမှာ အဆင့်မြင့် ဓာတ်ပုံရိုက်ကူးရေးသုံး ပစ္စည်းတွေ (Premium Photography Kit) ထဲ၌ ပါဝင်လာမဲ့ ဆက်စပ်ပစ္စည်းတွေကို ပြသသွားခဲ့ပါတယ်။
vivo နဲ့ မတူဘဲ Oppo ဟာ သူ့ရဲ့ Find X9 Ultra အတွက် Teleconverter Lens တစ်ခုတည်းကိုသာ အသုံးပြုထားပြီး၊ အဲဒီ Lens က vivo ရဲ့ Lens နှစ်ခုကြားဖြစ်တဲ့ 300mm နဲ့ ညီမျှတဲ့ အကွာအဝေးမှာ တည်ရှိပါတယ်။
အဆိုပါ Kit ထဲမှာ ခလုတ်တွေနဲ့ Shutter Button ပါဝင်တဲ့ Grip ပါတဲ့ ဖုန်း (Case)၊ 300mm Lens ကို ဖုန်းမှာ တပ်ဆင်ဖို့ Filter၊ Lens Hood နဲ့ အဖုံး (Cap)၊ Lens Collar၊ Hasselblad တံဆိပ်ပါတဲ့ ကြိုး (Strap) နဲ့ အရည်အသွေးမြင့် သိမ်းဆည်းနိုင်မဲ့ အိတ် (Carrying Case) တို့ ပါဝင်ပါတယ်။
ဗီဒီယိုထဲမှာ တွေ့ရတဲ့ဖုန်းက Earth Tundra မော်ဒယ်ဖြစ်ပြီး ကျောဘက်မျက်နှာပြင်ကို နှစ်ပိုင်းခွဲထားတဲ့ ဒီဇိုင်းဖြစ်သလို Oppo နဲ့ Hasselblad Logo နှစ်ခုလုံးကို ဖော်ပြထားပါတယ်။
Ref: GSMArena

