Google အကောင့်ထဲကို ဆဲလ်ဖီးဗီဒီယို (selfie video) ရိုက်ပြီး Login ဝင်ရောက်နိုင်တဲ့ စနစ်သစ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ အဲဒီစနစ်ကို စတင်အသုံးပြုဖို့အတွက် ဖုန်း သို့မဟုတ် Device ရဲ့ ကင်မရာကို ကြည့်ပြီး ခေါင်းကို ဘယ်ညာ အထက်အောက် စတဲ့ ထောင့်မျိုးစုံကနေ နည်းနည်းစီ လှုပ်ရှားပေးကာ မူလဆဲလ်ဖီးဗီဒီယိုကို စတင်မှတ်တမ်းတင် ရိုက်ကူးထားဖို့ လိုအပ်ပါတယ်။

အဲဒီလို ပြင်ဆင်ပြီးသွားရင်တော့ စကားဝှက် (password) မေ့သွားတာမျိုး ကြုံရတဲ့အခါ ဆဲလ်ဖီးဗီဒီယို ရိုက်ကူးပြီး အကောင့်ထဲ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Google က အသစ်ရိုက်ကူးလိုက်တဲ့ ဗီဒီယိုနဲ့ မူလသိမ်းဆည်းထားတဲ့ ဗီဒီယိုကို တိုက်ဆိုင်စစ်ဆေးပြီး အကောင့်ပိုင်ရှင် ဟုတ်မဟုတ် အတည်ပြုပေးသွားမှာ ဖြစ်ပါတယ်။

Google now lets you sign in to your account using a selfie video | The Verge

အကောင့်ထဲမှာ သိမ်းဆည်းထားတဲ့ ဆဲလ်ဖီးဗီဒီယိုကို မလိုအပ်တော့ရင် ကြိုက်တဲ့အချိန်မှာ ပြန်ဖျက်နိုင်သလို၊ လုံခြုံရေးအတွက်လည်း အချက်အလက်တွေကို ကုဒ်ဝှက်စနစ် (encryption) နဲ့ စနစ်တကျ ထိန်းသိမ်းပေးထားပါတယ်။ ဒါ့ပြင် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုအတုတွေနဲ့ အကောင့်ထဲ တုပဝင်ရောက်တာမျိုး မရှိစေဖို့အတွက် အဆင့်ဆင့် လုံခြုံရေးစနစ်တွေကို စီစဉ်ပေးထားပါတယ်လို့ သိရပါတယ်။

Ref : gsmarena