Xiaomi က တန်ဖိုးနည်း Redmi 14C 5G ကို ကြေညာလိုက်ပြီး 4nm Chipset နဲ့ ကြီးမားတဲ့ 120Hz Display တပ်ဆင်ထားပါတယ်။
အဲဒီဖုန်းကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စတင် ရောင်းချမှာ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး 4/64GB မော်ဒယ်ကို အိန္ဒိယ ရူပီး ၁၀,၀၀၀ သတ်မှတ်ထားပါတယ်။ ဒေါ်လာနဲ့တွက်ရင် ၁၁၆ ပဲ ရှိပါတယ်။ 2.5Gbps Download Speed ရစေတဲ့ 5G ကို သုံးနိုင်ပါတယ်။ 4/6 LPDDR4X RAM နဲ့ 64/128GB UFS 2.2 Storage ပါလာပါတယ်။ 1TB microSD Card စိုက်နိုင်ပါတယ်။
IPS LCD Display ဟာ ပိုကြီးပြီး ပိုမြန်လာပါတယ်။ 6.88” 120Hz Display ဖြစ်ပေမယ့် HD+ Resolution ပဲ ထည့်ပေးထားပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ အပို ကင်မရာ ၁ လုံး ထည့်ပေးထားပါတယ်။ ဆဲလ်ဖီး အတွက် 8MP ကင်မရာ ပါလာပါတယ်။ အရှေ့ အနောက်ကင်မရာတွေကနေ ဗီဒီယို ရိုက်ရင် 1080p 30fps ပဲ ရမှာပါ။ 5,160mAh Battery သုံးထားပြီး 18W Charging ပါလာပါတယ်။ Android 14 အခြေပြု HyperOS ထည့်ထားပါတယ်။
Redmi 14C မှာ နားကြပ်ပေါက် တပ်ဆင်ထားပြီး အရင်မော်ဒယ်ထက် ၅၀ ရာခိုင်နှုန်း ပိုကျယ်တဲ့ စပီကာ ပါလာပါတယ်။ Starlight Blue, Stardust Purple နဲ့ Stargaze Black အရောင် ၃ မျိုး ထုတ်လုပ်ထားပြီး နောက်ဆုံး အရောင် ၂ မျိုးမှာ Glass Back Design ကို သုံးထားပါတယ်။
Ref: Gsmarena