realme က တရုတ် အွန်လိုင်း စတိုးမှာ realme 14 Pro+ ကို တင်ထားပြီး နိုင်ငံတကာမှာ ဒီလ ၁၆ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။
အဲဒီဖုန်းမှာ 6.83” OLED 2800x1272p Display တပ်ထားပြီး 120Hz Refresh Rate ပါပါတယ်။ 1,500 Nits Peak Brightness နဲ့ Gorilla Glass 7i Protection ထည့်ထားပြီး In-display Fingerprint Scanner နဲ့ 32MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။
IP68/69 ရေစိုခံစံနှုန်း ထည့်ထားပြီး Glided White Version မှာ အပူချိန်အလိုက် အရောင်ပြောင်းတဲ့ အနောက်ကာဗာ ပါပါတယ်။ ကင်မရာ အသားပေး ဖုန်း ဖြစ်ပြီး 50MP Main , 50MP Periscope နဲ့ 8MP Ultrawide ကင်မရာတွေကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ LED Flash ၃ လုံး ပါလာပြီး ဓါတ်ပုံတွေ ရိုက်တဲ့အခါ သဘာဝကျတဲ့ အလင်းရောင်ကို ထုတ်ပေးနိုင်ပါတယ်။
realme 14 Pro+ မှာ Snapdragon 7s Gen 3 Chip ထည့်ထားပြီး 12GB RAM နဲ့ 256/512GB Storage ထုတ်လုပ်ထားပါတယ်။ ကြီးမားတဲ့ 6,000mAh Battery နဲ့ 80W Charging ပါပါတယ်။ Sea Rock Grey နဲ့ Glided White အရောင်ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ 12/256GB ကို ၃၅၅ ဒေါ်လာနဲ့ 12/512GB ကို ၃၈၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : Gsmarena