Xiaomi က Poco X7 ကို ကြေညာလိုက်ပြီး 50MP ကင်မရာ တပ်ဆင်ထားပါတယ်။ စွမ်းရည်သင့် ဖုန်း ဖြစ်ပြီး ဈေးနှုန်း ချိုသာပါတယ်။
အဲဒီဖုန်းမှာ Dimensity 7300 Chip ပါလာပြီး 6.67” AMOLED Display , 120Hz Refresh Rate ထည့်ထားပါတယ်။ Display ကို Gorilla Glass 7i နဲ့ ကာကွယ်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main , 8MP Ultawide , 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ Main ကင်မရာမှာ OIS ပါပါတယ်။ ဆဲလ်ဖီး ကင်မရာအတွက် 20MP ကို သုံးထားပါတယ်။
အဲဒီ Specs တွေဟာ Redmi Note 14 Pro နဲ့ တူညီကြပေမယ့် Xiaomi ဟာ Battery ကို 5,110mAh အထိ လျှော့ချထားပါတယ်။ အားသွင်းနှုန်းက 45W ဖြစ်ပါတယ်။ AI Feature တွေပါတဲ့ HyperOS ထည့်သွင်းထားပြီး IP68, NFC , IR Blaster နဲ့ UD Fingerprint Scanner ပါပါတယ်။
Poco X7 အတွက် Silver, Green နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128 GB, 8/256 GB or 12/512 GB ရွေးချယ်နိုင်ပြီး 8/128GB ကို ၂၈၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : Gsmarena