Vertical Aerospace Ltd က VX4 eVTOL ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းပြီးနောက် လျှပ်စစ် လေယာဉ် နယ်ပယ်ထဲမှာ သမိုင်း မှတ်တိုင် စိုက်ထူလိုက်နိုင်ပါတယ်။ UK Civil Aviation Authority (CAA) ရဲ့ ခွင့်ပြုချက်နဲ့ ပျံသန်းခဲ့တာ ဖြစ်ပြီး ကမ္ဘာမှာ ဒီအဆင့်ကို ရောက်တဲ့ ဒုတိယမြောက် ကုမ္ပဏီ ဖြစ်လာပါတယ်။

VX4 achieves major milestone with launch of Phase 2 piloted flight testing  · Vertical Aerospace

VX4 ဟာ Aerodynamic ဒီဇိုင်း၊ ထိန်းချုပ်စနစ်နဲ့ ဘက်ထရီ စွမ်းရည်ကို စမ်းသပ်ဖို့ ပုံစံမျိုးစုံနဲ့ ပျံသန်း သရုပ်ပြသခဲ့ပါတယ်။ နာမည်ကြီး လေကြောင်းလိုင်းတွေက အဲဒီ လေယာဉ်အတွက် အော်ဒါ ၁,၅၀၀ တင်ထားပြီးပြီ ဖြစ်ပြီး Vertical ဟာ eVTOL ဈေးကွက်မှာ လက်ဦးမှု ရယူထားနိုင်ပါတယ်။

Vertical Aerospace VX4 completes first piloted flight tests

အခုဆိုရင် စမ်းသပ်တဲ့ အဆင့်ဟာ နံပါတ် ၃ ကို ရောက်သွားပြီ ဖြစ်ပြီး CAA က Certificate တွေကို ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။ လေယာဉ်ဟာ အားအပြည့်သွင်းထားရင် မိုင် ၁၀၀ မောင်းနှင်နိုင်ပြီး တစ်နာရီကို ၁၅၀ မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။

VX4 ဟာ နိုင်ငံတွင်းမှာ ခရီးသွားတဲ့ စနစ်ကို တော်လှန်ဆန်းသစ်စေမှာ ဖြစ်ပါတယ်။

Ref : Tech Explorers