Redmi က Dimensity 8400 Ultra Processor ပါတဲ့ Upper Mid-range ဖုန်း ဖြစ်တဲ့ Redmi Turbo 4 ကို ရောင်းချထားပါတယ်။ အခုတော့ Pro မော်ဒယ်ထွက်လာတော့မှာ ဖြစ်ပါတယ်။
နာမည်ကြီး Tipster Digital Chat Station က Redmi Turbo 4 Pro မှာ ကြီးမားတဲ့ 7,500mAh Battery ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Non Pro မော်ဒယ်မှာ 6,550mAh Battery ပါပါတယ်။
စိတ်ဝင်စားစရာကောင်းတာက Digital Chat Station က Xiaomi ဟာ 8,000mAh Battery ပါတဲ့ စမတ်ဖုန်း ၁ လုံးကို စမ်းသပ်နေတယ်လို့ ပြောပါတယ်။ ကုမ္ပဏီတွေက အားသွင်းနှုန်း ပြီးနောက်ကြီးမားတဲ့ Battery တွေကို အာရုံစိုက်လာကြပါတယ်။
ဒါဟာ Silicon-carbon Anode Battery ကြောင့် ဖြစ်ပြီး ပိုများတဲ့ စွမ်းအင်ကို ထည့်သွင်းနိုင်တဲ့ စွမ်းရည်ကြောင့် ဖြစ်ပါတယ်။ ဒါဟာ သမားရိုးကျ Carbon Anode Battery တွေထက် ပိုအားသာတဲ့ အချက် ဖြစ်ပါတယ်။ အဲဒီအတွက် ကြီးမားတဲ့ Battery ကို ပါးလွှာတဲ့ စမတ်ဖုန်းထဲမှာ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။
Ref : Gizmochina