၂၀၂၄ ခုနှစ်ဟာ Apple ရဲ့ နောက်ထပ် စံချိန်သစ် တစ်ခု ဖြစ်လာပါတယ်။ Canalys ရဲ့ စစ်တမ်းအရ ၂၀၂၄ ခုနှစ်မှာ ရောင်းအား အကောင်းဆုံး ဖုန်း ၁၀ လုံးထဲမှာ iPhone က ၇ လုံးပါဝင်နေပါတယ်။ iPhone 15 က ရောင်းအားအကောင်းဆုံး ဖြစ်နေပါတယ်။
Samsung က ရောင်းအားအကောင်းဆုံး ဖုန်း ၁၀ လုံးစာရင်းမှာ ပါတဲ့ နောက်ထပ် တစ်ခုထဲသော ကုမ္ပဏီ ဖြစ်ပြီး Galaxy A15 , A15 5G နဲ့ S24 Ultra တို့ ဖြစ်ပါတယ်။
iPhone 15 ဟာ ၂၀၂၄ ခုနှစ်မှ ရောင်းချခဲ့တဲ့ ၁.၂၂ ဘီလီယမ် စမတ်ဖုန်းရဲ့ ၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ Apple ဟာ ၂၀၂၄ ခုနှစ်မှာ ဖုန်း ၃၆.၆ သန်းကို ရောင်းချခဲ့ပါတယ်။ iPhone 16 Pro Max နဲ့ 15 Pro Max ဟာ ၂၀၂၄ ခုနှစ်မှာ ဒုတိယနဲ့ တတိယ ရောင်းအား အကောင်းဆုံး ဖုန်းတွေ ဖြစ်ခဲ့ပါတယ်။
ရောင်းအားအကောင်းဆုံး ဖုန်း ၁၀ လုံးစာရင်းမှာ Galaxy A15 က နံပါတ် ၄ ၊ အဲဒီနောက်မှာ iPhone 16 Pro , iPhone 15 Pro နဲ့ iPhone 16 တို့ ရပ်တည်နေပါတယ်။ Galaxy A15 5G က နံပါတ် ၈ နဲ့ S24 Ultra က နံပါတ် ၉ ဖြစ်ပါတယ်။ နံပါတ် ၁၀ နေရာကို ၃ နှစ်သက်တမ်းရှိတဲ့ iPhone 13 က ရရှိထားပါတယ်။
Ref : gsmarena