Xiaomi CEO Lei Jun ဟာ တရုတ်ရဲ့ အချမ်းသာဆုံး စာရင်းမှာ နံပါတ် ၅ နေရာကို ရသွားပြီး ဒေါ်လာ ၃၅.၃ ဘီလီယမ် ပိုင်ဆိုင်လာပါတယ်။ သူဟာ Xiaomi ကို ၂၀၁၀ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလမှာ ဒေါ်လာ ၁၀.၉ ဘီလီယမ် ပိုင်ဆိုင်ခဲ့ပါတယ်။ အခုနောက်ဆုံး ပိုင်ဆိုင်မှုဟာ ၂၀၂၁ ခုနှစ်က အမြင့်ဆုံး ရခဲ့တဲ့ ဒေါ်လာ ၂၃ ဘီလီယမ်ထက် ပိုများလာပါတယ်။

Xiaomi CEO Lei Jun becomes China's 5th richest person

ပြီးခဲ့တဲ့ ၁၂ လအတွင်း Xiaomi ရဲ့ ရှယ်ယာတွေ ၂၅၀ ရာခိုင်နှုန်းတောင် တိုးတက်ခဲ့တဲ့အတွက် အသက် ၅၅ နှစ်အရွယ် Lei Jun ဟာ ဘီလီယမ်နာ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ Xiaomi ရဲ့ စမတ်ဖုန်း လုပ်ငန်းဟာ ကောင်းမွန်နေတာ အပါအဝင် သူ ချမ်းသာလာရတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။

Inspiring Success Story of Lei Jun - World's 4th largest Smartphone  Manufacturer – Xiaomi!

Xiaomi ဟာ ဈေးကွက်ဝေစု အရ ကမ္ဘာ့ တတိယ အကြီးမားဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖြစ်လာပါတယ်။ တရုတ်ရဲ့ နည်းပညာ ကုမ္ပဏီတွေထဲမှာ Xiaomi ဟာ ရင်းနှီးမြှပ်နှံသူတွေရဲ့ ယုံကြည်မှုကို ရထားပါတယ်။

တရုတ်ရဲ့ အချမ်းသာဆုံးက ပုဂ္ဂိုလ်က ရေသန့်ဘူး ကုမ္ပဏီ Nongfu Spring ရဲ့ တည်ထောင်သူ Zhong Shanshan ဖြစ်ပြီး ဒေါ်လာ ၅၄.၉ ဘီလီယမ် ပိုင်ဆိုင်ပါတယ်။ သူ့နောက်မှာ Tencent Holdings သူဌေး Ma Huateng ၊ ByteDance ပူးတွဲ တည်ထောင်သူ Zhang Yiming နဲ့ PDD Holdings တည်ထောင်သူ Colin Huang တို့ ရပ်တည်နေပါတယ်။

Ref : msn