realme က တရုတ်မှာ Neo7 SE ကို ကြေညာလိုက်ပြီး MediaTek Dimensity 8400-Max Chipset ၊ 80W Charging နဲ့ ကြီးမားတဲ့ 7,000mAh Battery ပါပါတယ်။

Realme Neo7 SE key specs

Neo7 SE မှာ 6.78” 8T LTPO OLED Display တပ်ထားပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ပါပါတယ်။ Display ကို Crystal Armor Glass နဲ့ ကာကွယ်ထားပြီး 6,000 Nits Locak Peak Brightness အထိ ထုတ်ပေးနိုင်ပါတယ်။

Realme Neo7 SE debuts with Dimensity 8400-Max and 7,000 mAh battery

Punch-Hole Cutout မှာ 16MP အရှေ့ ကင်မရာ တပ်ထားပြီး Display အောက်ဘက်တစ်ခြမ်းမှာ Optical Fingerprint Scanner ကို အသုံးပြုနိုင်ပါတယ်။ အနောက်ဘက်မှာ OIS ပါတဲ့ 50MP Main နဲ့ 8MP Ultrawide ကင်မရာ ၂ လုံး ပါပါတယ်။

realme Neo7 SE မှာ IP66/68/69 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး အပူချိန်ကို လျှော့ချပေးတဲ့ VC System ပါပါတယ်။ Android 15 ကို အခြေခံထားတဲ့ realme UI 6.0 ထည့်ထားပါတယ်။

White, Blue နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပြီး တရုတ်မှာ 8/256GB ကို ၁,၇၉၉ ယွမ် (၂၄၈ ဒေါ်လာ)နဲ့ 16/512GB ကို ၂,၄၉၉ ယွမ် (၃၄၄ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Ref : gsmarena