Samsung က အိန္ဒိယမှာ Galaxy M06 5G နဲ့ M16 5G ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းတွေဟာ Galaxy A နဲ့ F Series ဖုန်းတွေကို အမည်ပြောင်းထားတာ ဖြစ်ပါတယ်။

Galaxy M16 5G ဟာ Galaxy A16 5G နဲ့ တူညီပြီး 6.7” AMOLED FHD+ 90Hz Display , Dimensity 6300 Chipset , 5000mAh Battery , 25W Wired Charging ထည့်သွင်းထားပါတယ်။

Samsung Galaxy M06 5G and M16 5G announced

အနောက်ဘက်မှာ 50MP Main, 5MP Ultrawide နဲ့ 2MP Macro ကင်မရာတွေ တပ်ဆင်ထားပါတယ်။ Android 15 အခြေပြု One UI 7 မောင်းနှင်ထားပြီး Samsung က Android OS Upgrade ၆ ခုနဲ့ Security Patch ၆ နှစ်ပေးမယ်လို့ ပြောထားပါတယ်။

Samsung Galaxy M06 5G and M16 5G announced

Galaxy M16 5G အတွက် Blush Pink, Mint Green နဲ့ Thunder Black အရောင်တွေ ထုတ်လုပ်ထားပြီး ၁၃၂ ဒေါ်လာ သတ်မှတ်ထားကာ မတ်လ ၅ ရက်နေ့မှာ ရောင်းမှာပါ။

Samsung Galaxy M06 5G and M16 5G announced

Galaxy M06 5G ဟာ ဒီလ အစာပိုင်းက ထွက်ခဲ့တဲ့ Galaxy F06 5G ကို အမည်ပြောင်းထားတာ ဖြစ်ပါတယ်။ 6GB RAM နဲ့ 128GB Storage အထိ ထည့်သွင်းထားပြီး Android 15 အခြေပြု One UI Core 7.0 Software ပါလာပါတယ်။ Samsung က Android OS Upgrade ၄ ခုနဲ့ Security Patch ၄ နှစ်ရမယ်လို့ ပြောထားပါတယ်။

Galaxy M06 5G ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်က ၁၀၉ ဒေါ်လာ ကစပြီး မတ်လ ၇ ရက်နေ့မှာ အိန္ဒိယမှာ ရောင်းချမှာပါ။

Ref : gsmarena