တရုတ်ရဲ့ သုတေသနပညာရှင်တွေက အသံထက် ၆.၅၆ ဆ ပိုမြန်ပြီး တစ်နာရီကို ၅,၀၃၃ မိုင် အမြန်နှုန်းနဲ့ မောင်းနှင်နိုင်တဲ့ လေယာဉ် နမူနာမော်ဒယ်ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။

China's hypersonic jet shatters Mach 6.5 speed in Gobi desert test

အဲဒီ စမ်းသပ်ပျံသန်းမှုကို ဂိုဘီ သဲကန္တာရမှ Jiuquan Satellite Launch Center မှာ ၂၀၂၁ ခုနှစ်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ထူးခြားဆန်းသစ်တဲ့ နည်းပညာကြောင့် အဲဒီအချိန်တုန်းက လေယာဉ်ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို တီထွင်သူတွေက မပြောခဲ့ပါဘူး။

အခုတော့ တရုတ် သိပ္ပံ အကယ်ဒမီမှ Cui Kai က “ အသံထက်မြန်တဲ့ လေယာဉ်တွေကို တည်ဆောက်ရတာ ခက်ခဲပါတယ်။ အဲဒီ အသံထက်မြန်တဲ့ လေယာဉ်ကို မိနစ် ၂၀ ကြာ စမ်းသပ်ပျံသန်းခဲ့တာ ဖြစ်ပြီး အင်ဂျင်နီယာ နည်းပညာ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ “ လို့ ပြောပါတယ်။

Around the world in a few hours: China's hypersonic jumbo jet shatters Mach  6.5

အဲဒီ အောင်မြင်မှုဟာ အသံထက်မြန်တဲ့ လေယာဉ် နည်းပညာမှာ ကြီးမားတဲ့ ခြေလှမ်း ဖြစ်ပါတယ်။ အသံထက် ၆ ဆကျော်မြန်တဲ့ လေယာဉ်ဟာ လူသားတွေ ခရီးသွားဖို့နဲ့ ကာကွယ်ရေးမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုးတက်မှုများစွာကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

Ref : Tech Explorers