Xiaomi က Redmi Note 14S ကို Czechia နဲ့ ယူကရိန်းမှာ ကြေညာလိုက်ပြီး အဲဒီဖုန်းဟာ ကင်မရာ Island ကို ဒီဇိုင်းပြောင်းထားတဲ့ Redmi Note 13 Pro 4G ဖြစ်ပါတယ်။
Redmi Note 14S မှာ Helio G99 Chipset ထည့်သွင်းထားပြီး 6.67” AMOLED Display တပ်ဆင်ထားပါတယ်။ 120Hz Refresh Rate နဲ့ Full HD+ Resolution ထည့်ထားပြီး အနောက်ဘက်မှာ 200MP Main ကင်မရာ တပ်ဆင်ထားပါတယ်။
Xiaomi က ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ကြေညာခဲ့တဲ့ Redmi Note 13 Pro 4G မှာ ဒိတ်အောက်နေတဲ့ Android 13 ပဲ ထည့်ပေးခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ OS Version ကို မပြောထားပါဘူး။ အဲဒီအတွက် OS Version ဟာ ဒိတ်အောက်နေသလားဆိုတာ သံသယ ဖြစ်စရာပါ။
Xiaomi က Redmi Note 14S အတွက် Blue, Purple နဲ့ Black ၃ ရောင်ထုတ်ပေးထားပါတယ်။ ဈေးနှုန်းက 8/256GB Version ကို ၂၆၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : gsmarena