Oppo က အိန္ဒိယမှာ မကြာခင် K13 ကို ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ ဒီလ ၂၁ ရက်နေ့မှာ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီက အဲဒီဖုန်းရဲ့ အဓိက Specs တချို့ကိုလည်း အတည်ပြုလိုက်ပြီး ကြီးမားတဲ့ Battery ၊ Fast Charging နဲ့ Qualcomm Chip ပါလာမှာပါ။

The Oppo K13 will have a monster 7,000mAh battery, chipset also revealed -  GSMArena.com news

OPPO K13 မှာ ကြီးမားတဲ့ 7,000mAh Battery ပါလာမှာ ဖြစ်ပြီး OPPO ဖုန်းတွေထဲမှာ အကြီးမားဆုံး ဖြစ်ပါတယ်။ ကုမ္ပဏီက ၅ နှစ် အသုံးခံမယ်လို့ ပြောထားပြီး မူလ Capacity ရဲ့ ၈၀ ရာခိုင်နှုန်း ကျန်မှာပါ။ 80W SuperVOOC ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

ကုမ္ပဏီက Oppo K13 မှာ Snapdragon 6 Gen 4 Chip ပါလာမယ်လို့ အတည်ပြုလိုက်ပြီး 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

The Oppo K13 will have a monster 7,000mAh battery, chipset also revealed -  GSMArena.com news

Flipkart မှာ ဖော်ပြထားချက်အရ Battery ဟာ ဂိမ်းကစားရင် ၁၀.၃ နာရီ၊ ဗီဒီယိုကြည့်ရင် ၁၅.၁ နာရီ အသုံးခံမှာ ဖြစ်ပါတယ်။ ၃၀ မိနစ်အားသွင်းရင် ၀ ကနေ ၆၂ ရာခိုင်နှုန်း အားပြည့်မှာပါ။

6.67” 120Hz OLED Display ပါလာမှာ ဖြစ်ပြီး 1080p+ Resolution , 1,200 Nits Peak Brightness ထည့်သွင်းထားမှာပါ။ Under-display Fingerprint Scanner နဲ့ မိုးရေထဲမှာ သုံးနိုင်တဲ့ Splash Touch ပါလာမှာပါ။

အနောက်ဘက်မှာ 50MP ကင်မရာ တပ်ထားမှာ ဖြစ်ပြီး စတီရီယို စပီကာနဲ့ IR Blaster ပါလာမှာပါ။ အပူချိန်ကို လျှော့ချပေးတဲ့ စနစ် ထည့်သွင်းထားမှာ ဖြစ်ပြီး Icy Purple နဲ့ Prism Black အရောင်ထုတ်လုပ်ထားမှာပါ။

Ref : gsmarena