Xiaomi က စွမ်းရည်သင့် Redmi Turbo 4 Pro ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အခုတော့ ဝီဘိုမှာ Redmi ရဲ့ ထုတ်ကုန်မန်နေဂျာ Hu Xinxin က “See you this month” လို့ သတင်းစကားပါးလာတဲ့အတွက် အဲဒီဖုန်းကို ဒီလထဲမှာ တရုတ်မှာ ကြေညာမယ်လို့ ထင်ပါတယ်။ နိုင်ငံတကာမှာတော့ အဲဒီဖုန်းကို Poco F7 နာမည်နဲ့ မိတ်ဆက်နိုင်ပါတယ်။

Redmi Turbo 4 Pro

Redmi Turbo 4 Pro မှာ မကြာခင်က ကြေညာထားတဲ့ Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 8s Gen 4 ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 90W Fast Charging နဲ့ အရွယ်ကြီး 7,550mAh Battery ပါလာမှာပါ။

Redmi Turbo 4 Pro

Display ကလည်း တော်တော်မိုက်မှာ ဖြစ်ပြီး 6.83” Flat LTPS Panel ကို သုံးထားမှာပါ။ 1.5K Resolution ပါလာမှာ ဖြစ်ပြီး TV Show နဲ့ ဂိမ်းကစားလို့ ကောင်းမှာပါ။ လုံခြုံရေးအတွက် Optical Under-display Fingerprint Sensor ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

အရည်အသွေးမြင့် သတ္တု ဖရိမ်နဲ့ တည်ဆောက်ထားမှာ ဖြစ်ပါတယ်။ ကင်မရာအနေနဲ့ 50MP Main , 8MP Ultrawide ပါလာမှာ ဖြစ်ပါတယ်။ Redmi Turbo 4 Pro ဟာ စွမ်းရည်သင့် ဖုန်းတွေရဲ့ ဘုရင် ဖြစ်လာမှာ ဖြစ်ပြီး ဈေးနှုန်းချိုသာမှာ ဖြစ်ပါတယ်။

Ref : Gizchina