Xiaomi က အိန္ဒိယမှာ တန်ဖိုးနည်း Redmi A5 ကို ကြေညာလိုက်ပါတယ်။ ၇,၀၀၀ ရူပီးပဲ ရှိပြီး ဒေါ်လာ ၇၀ ကျော်ပဲ ကျသင့်မှာပါ။ ဒီဇိုင်းလှပပြီး ကြီးမားတဲ့ Battery နဲ့ ချောမွတ်တဲ့ Display ပါလာပါတယ်။

Redmi A5 launched in India, price starts at Rs 6,499

6.88” IPS LCD Panel သုံးထားပြီး HD+ Resolution ရှိပါတယ်။ 120Hz Refresh Rate, 240Hz Touch Sampling Rate , DC Dimming နဲ့ Eye Protection အတွက် TUV Rheinland Certification ပါပါတယ်။

Redmi A5 with 6.88-inch 120Hz display, 5,200mAh battery launched in India,  price starts from Rs 6,499

Redmi A5 မှာ UNISOC T7250 SoC ထည့်ထားပြီး 4GB RAM နဲ့ 128GB Storage ပါပါတယ်။ 2TB microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 32MP နဲ့ အပိုကင်မရာ ၁ လုံး တပ်ထားပြီး အရှေ့ဘက်မှာ 8MP ကင်မရာ ပါလာပါတယ်။

5,200mAh Battery ပါလာပြီး 15W Fast Charging ထည့်သွင်းထားပါတယ်။ Android 15 OS ပါလာပြီး နားကြပ်ပေါက်၊ FM Radio ၊ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ Bluetooth 5.2 နဲ့ Dual SIM Support ထည့်ထားပါတယ်။

Redmi A5 အတွက် Pondicherry Blue, Just Black နဲ့ Lake Green အရောင်ထုတ်လုပ်ထားပါတယ်။ 3/64GB ကို ၆,၄၉၉ ရူပီးနဲ့ 4/128GB ကို ၇,၄၉၉ ရူပီး သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ ဒီလ ၁၆ ရက်နေ့က ရောင်းချပေးလိုက်ပါတယ်။

Ref  : Gizmochina