Redmi က ဇန်နဝါရီလမှာ Turbo 4 ကို ကြေညာခဲ့ပြီး အခုတော့ Turbo 4 Pro ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ နောက်တစ်ပတ်မှာ ကြေညာမယ်လို့ Xiaomi China ရဲ့ အရောင်းမြှင့်တင်ရေး ဌာနမှ အထွေထွေမန်နေဂျာ Wang Teng က အတည်ပြုထားပါတယ်။ သူက ကြေညာမယ့်နေ့ အတိအကျကို မပြောပေမယ့် ဧပြီလ ၂၄ ရက်နေ့လို့ သတင်းထွက်နေပါတယ်။
Redmi က အဲဒီဖုန်းရဲ့ ပထမဆုံး Teaser ဓါတ်ပုံကို မျှဝေလိုက်ပြီး အောက်မှာ ကြည့်နိုင်ပါတယ်။
တစ်ချိန်ထဲမှာပဲ China Telecom က Redmi Turbo 4 Pro ကို စောစောစီးစီး စာရင်းတင်ထားပြီး Specs အပြည့်အစုံနဲ့ ဓါတ်ပုံတွေကို သိလာရပါတယ်။
Redmi Turbo 4 Pro မှာ 6.83” Flat LTPS OLED Display ပါလာပြီး 1280×2800 Resolution ရှိပါတယ်။ Snapdragon 8s Gen 4 SoC မောင်းနှင်ထားပြီး 16GB RAM နဲ့ 1TB UFS 4.0 Storage အထိ ထည့်သွင်းထားပါတယ်။ 90W Wired Charging ပါတဲ့ 7,550mAh Battery ပါလာပါတယ်။
အနောက်ဘက်မှာ 50MP Main (OIS) , 8MP Ultrawide နဲ့ အရှေ့ဘက်မှာ 20MP ကင်မရာ တပ်ထားပါတယ်။ အရွယ်အစား အပြည့်အစုံက 163.1 x 77.93 x 7.98 mm ဖြစ်ပြီး အလေးချိန်က ၂၁၉ ဂရမ် ဖြစ်ပါတယ်။ အဖြူ၊ အနက် နဲ့ အစိမ်းရောင် ထုတ်လုပ်ထားပြီး ဈေးနှုန်းက ၂,၀၉၉ ယွမ်ကနေ စမှာပါ။ ဒေါ်လာနဲ့တွက်ရင် ၂၈၇ ကျသင့်မှာပါ။
Ref : gsmarena