Xiaomi က Redmi Turbo 4 Pro ကို ကြေညာလိုက်ပြီး Qualcomm Snapdragon 8s Gen 4 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ 16GB RAM နဲ့ 1TB Storage အထိ ထည့်သွင်းထားပါတယ်။ ကြီးမားတဲ့ 7,550mAh Battery နဲ့ 90W Charging ပါလာပြီး တခြား ဖုန်းတွေကို အားသွင်းနိုင်တဲ့ ပါဝါဘန့်လို သုံးနိုင်ပါတယ်။ Reverse Wired Charging က 22.5W ဖြစ်ပါတယ်။

Redmi Turbo 4 Pro debuts with Snapdragon 8s Gen 4 and massive battery

အဲဒီဖုန်းမှာ 6.83” OLED Display ပါလာပြီး 2772x1280p Resolution , 120Hz Refresh Rate ထည့်ထားပါတယ်။ Display အောက်မှာ Optical Fingerprint Scanner မြှပ်နှံထားပြီး 1,600 Nits Peak Brightness ထောက်ပံ့ထားပါတယ်။

Redmi Turbo 4 Pro debuts with Snapdragon 8s Gen 4 and massive battery

အနောက်ဘက်မှာ 50MP Main နဲ့ 8MP Ultrawide ကင်မရာ ၂ လုံး တပ်ထားပါတယ်။ Software က Android 15 အခြေပြု HyperOS 2 ဖြစ်ပြီး IP68 ရေစိုခံစံနှုန်း ထည့်ထားပါတယ်။ အနက်၊ အဖြူနဲ့ အစိမ်းရောင်ထုတ်လုပ်ထားပြီး Warner Bros နဲ့ ပူးပေါင်းကာ Harry Potter Edition ကိုလည်း ထုတ်လုပ်ထားပါတယ်။

Redmi Turbo 4 Pro debuts with Snapdragon 8s Gen 4 and massive battery

Redmi Turbo 4 Pro  ရဲ့ 12/256GB ကို ၂၇၄ ဒေါ်လာနဲ့ 16GB/1TB ကို ၄၁၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : Gsmarena