realme 14T ကို အိန္ဒိယမှာ ကြေညာလိုက်ပြီ ဖြစ်ပြီး AMOLED Display , Dimensity 6300 Chipset နဲ့ 45W Charging ပါတဲ့ ကြီးမားတဲ့ 6,000mAh Battery ပါလာပါတယ်။

Realme 14T announced with Dimensity 6300 and 6,000mAh battery

realme 14T မှာ 6.67” AMOLED FHD+ Display ပါလာပြီး 120Hz Refresh Rate, 2100 Nits Peak Brightness ထည့်ထားပါတယ်။ Display အောက်မှာ Optical Fingerprint Scanner မြှပ်နှံထားပါတယ်။

Realem 14T key specs

အဲဒီဖုန်းမှာ MediaTek Dimensity 6300 Chipset ကို 8GB RAM, 128/256GB Storage နဲ့ တွဲဖက်ထားပါတယ်။ IP68/69 ရေစိုခံစံနှုန်း ပါလာပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ တပ်ထားပြီး Software က Android 15 အခြေပြု realme UI 6.0 ဖြစ်ပါတယ်။

realme 14T အတွက် Obsidian Black, Surf Green နဲ့ Lightning Purple အရောင်ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၂၁၀ ဒေါ်လာနဲ့ 8/256GB ကို ၂၃၄ ဒေါ်လာ သတ်မှတ်ထားပြီး အိန္ဒိယမှာ ဒီလ ၃၀ ရက်နေ့ ရောင်းမှာပါ။

Ref : Gsmarena