ZTE က nubia Z70S Ultra ကို ကြေညာလိုက်ပြီး ကြီးမားတဲ့ Battery တပ်ဆင်ထားပါတယ်။  50MP 1/1.3” OmniVision Light Fusion 900 Sensor , 64MP Telephoto (OIS) , 50MP 122 Degree Ultrawide ကင်မရာတွေကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။

nubia Z70S Ultra unveiled with larger 1/1.3'' sensor and 6,600mAh battery

ကြီးမားတဲ့ 6,600mAh Battery နဲ့ 80W Wired Charging ထည့်သွင်းထားပါတယ်။ Display အတွက် 6.85” OLED ကို သုံးထားပြီး Under Display Selfie ကင်မရာ ပါပါတယ်။ 144Hz Refresh Rate နဲ့ 1216×2688 Resolution ထောက်ပံ့ထားပါတယ်။ Display ကို Gorilla Glass 7i နဲ့ ကာကွယ်ထားပါတယ်။

The nubia Z70S Ultra has a larger 6,600mAh battery with 80W charging

Snapdragon 8 Elite Chipset ပါလာပြီး 16GB LPDDR5X RAM နဲ့ 1TB UFS 4.0 Storage အထိ ထည့်သွင်းထားပါတယ်။ အထူးထုတ် 24GB RAM Version ကိုလည်း ထုတ်လုပ်ထားပါတယ်။ IP68, IP69 စံနှုန်း ပါလာပြီး မိနစ် ၃၀ ကြာ ရေအနက် ၁.၅ မီတာမှာ အသုံးပြုနိုင်ပါတယ်။

Nubia Z70S Ultra ကို ZTEMall.com မှာ ရောင်းချထားပြီး Twilight နဲ့ Melting အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 12/256GB Version ကို ၆၃၀ ဒေါ်လာ သတ်မှတ်ထားပြီး တခြား မော်ဒယ်တွေရဲ့ ဈေးနှုန်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

Ref : gsmarena