Jetson ကုမ္ပဏီက ဒေါ်လာ ၁၂၈,၀၀၀ တန် ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်တဲ့ (eVTOL) လျှပ်စစ် ကားပျံတစ်မျိုးဖြစ်တဲ့ Jetson ONE ကို ကမ္ဘာ့ပထမဆုံးအဖြစ် ကယ်လီဖိုးနီးယားပြည်နယ်၊ Carlsbad မြို့က စွန့်ဦးတီထွင်လုပ်ငန်းရှင် Palmer Luckey ဆီကို ရောင်းချပေးခဲ့ပါတယ်။
Oculus နဲ့ Anduril တို့ရဲ့ ပူးတွဲတည်ထောင်သူဖြစ်တဲ့ Luckey ဟာ မိနစ် ၅၀ ထဲနဲ့ စီးတတ်အောင် လေ့ကျင့်သင်ကြားနိုင်ခဲ့ပြီး အဲဒီ တစ်ယောက်စီး၊ လျှပ်စစ်စွမ်းအင်သုံး လေယာဉ်ကို အမြင့်ပေနိမ့်နိမ့်နဲ့ စမ်းသပ်ပျံသန်းခဲ့ပါတယ်။
Jetson ONE က အလေးချိန် ၈၆ ကီလိုဂရမ်ရှိပြီး မိနစ် ၂၀ အထိ ပျံသန်းနိုင်ကာ အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ၁၀၂ ကီလိုမီတာအထိ ရောက်ရှိပါတယ်။ သူက ဦးထုပ်ဆောင်းထားပြီး လေယာဉ်ကို စက်နှိုးကာ မြေပြင်ကနေ ထိုးတက်ပြီးနောက် မြက်ခင်းပြင်တစ်ခုအပေါ်မှာ ပျံဝဲခဲ့ပါတယ်။
Jetson ONE ကို မောင်းနှင်ဖို့ လေယာဉ်မှူးလိုင်စင်လည်း မလိုအပ်ပါဘူး။ ဒါပေမဲ့ ၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်အတွက် ပစ္စည်းတွေက ရောင်းကုန်သွားပြီဖြစ်လို့ အသစ်မှာယူတာတွေကိုတော့ ၂၀၂၇ ခုနှစ်ရောက်မှသာ ပို့ဆောင်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။