အမေရိကန်နိုင်ငံက General Atomics ကုမ္ပဏီနဲ့ ကနေဒါနိုင်ငံက Kepler Communications ကုမ္ပဏီတို့ဟာ လေယာဉ်ပေါ်ကနေ ဂြိုဟ်တုဆီကို လေဆာရောင်ခြည်သုံးပြီး ဒေတာတွေကို အောင်မြင်စွာ ပေးပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ကမ္ဘာ့ပထမဆုံး လေယာဉ်ကနေ အာကာသထဲကို လေဆာနဲ့ ဒေတာပေးပို့မှုဖြစ်ပြီး တစ်စက္ကန့်ကို ၁ ဂစ်ဂါဘစ် (1 Gbps) အမြန်နှုန်းနဲ့ မိုင်ပေါင်း ၃,၄၀၀ နီးပါး အကွာအဝေးအထိ စမ်းသပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

World’s first plane-to-satellite laser beams data at 1 Gbps over 3,400 miles

ဒီစမ်းသပ်မှုမှာ General Atomics ကုမ္ပဏီရဲ့ Optical Communication Terminal (OCT) လို့ခေါ်တဲ့ ကိရိယာကို DHC-6 Twin Otter လေယာဉ်ပေါ်မှာ တပ်ဆင်ပြီး ကမ္ဘာပတ်လမ်းနိမ့်မှာရှိတဲ့ Kepler ကုမ္ပဏီရဲ့ ဂြိုဟ်တုနဲ့ ချိတ်ဆက်ခဲ့တာပါ။ အဲဒီဂြိုဟ်တုဟာ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အာကာသကွန်ရက် စီမံကိန်းနဲ့လည်း ကိုက်ညီမှုရှိတဲ့အတွက် ဒီစမ်းသပ်မှုရဲ့ အောင်မြင်ခြင်းဟာ အမေရိကန်စစ်တပ်ရဲ့ အနာဂတ်စီမံကိန်းအတွက် အရေးပါပါတယ်။

NASA laser-based data transmission demonstrates serviceable internet 290  million miles from Earth : r/space

လေဆာဆက်သွယ်ရေးဟာ မြေပြင်ပေါ်မှာ ဖိုင်ဘာကွန်ရက်တွေအတွက် အဓိကကျပေမယ့် အာကာသထဲမှာတော့ အလွန်ခက်ခဲတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ လေထဲမှာ ရွေ့လျားနေတဲ့ လေယာဉ်ပေါ်ကနေ အာကာသထဲမှာ အရှိန်ပြင်းပြင်းနဲ့ သွားနေတဲ့ ဂြိုဟ်တုဆီကို လေဆာနဲ့ တိတိကျကျ ချိန်ရွယ်ပစ်လွှတ်ဖို့ လိုအပ်ပါတယ်။ ဒီအောင်မြင်မှုဟာ စစ်ဘက်နဲ့ စီးပွားရေးကဏ္ဍတွေအတွက် လုံခြုံပြီး မြန်ဆန်တဲ့ ဒေတာချိတ်ဆက်မှုတွေ ဖန်တီးနိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

General Atomics ကုမ္ပဏီရဲ့ OCT ကိရိယာဟာ အမှန်တကယ်မှာဆိုရင် 2.5 Gbps အမြန်နှုန်းအထိ ပို့ဆောင်နိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။ အခု ပထမဆုံးစမ်းသပ်မှုမှာတော့ လုံခြုံတဲ့ ဒေတာ ပေးပို့နိုင်မှုနဲ့ မတူညီတဲ့ ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေ အတူတကွ အလုပ်လုပ်နိုင်စွမ်း ရှိတာကို အဓိကထား စမ်းသပ်နိုင်ခဲ့ပါတယ်။ ဒီနည်းပညာဟာ အနာဂတ်မှာ စစ်ဆင်ရေးဆိုင်ရာ ဆက်သွယ်ရေး လစ်ဟာမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Ref : Interesting Engineering