ရဲတပ်ဖွဲ့သုံး ဒရုန်းတွေနဲ့ ကားနံပါတ်ပြားဖတ်စက်တွေကို ထုတ်လုပ်ရောင်းချတဲ့ စောင့်ကြည့်နည်းပညာကုမ္ပဏီ Flock Safety ဟာ အခုအခါမှာတော့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေနဲ့ စတိုးဆိုင်တွေကို ဒရုန်းတွေ စတင်ရောင်းချနေပါတယ်။
ဒရုန်းတစ်စီးစီဟာ ၄၅ မိနစ်ကြာ ပျံသန်းနိုင်ပြီး ၃.၅ မိုင်အချင်းဝက်အတွင်း ကင်းလှည့်နိုင်ပါတယ်။ ဒါ့အပြင် စတိုးဆိုင်ကပစ္စည်းခိုးယူတယ်လို့ သံသယရှိသူတွေကို ခြေရာခံပြီး ရဲတပ်ဖွဲ့ဆီကို တိုက်ရိုက်ဗီဒီယိုမှတ်တမ်းတွေ ပေးပို့နိုင်ပါတယ်။
စတိုးဆိုင်တွေက ခိုးယူမှုတွေ မြင့်တက်လာတာကို အကြောင်းပြပြီး အဲဒီနည်းပညာသုံးစွဲမှုကို မှန်ကန်ကြောင်း ပြောဆိုနေပေမယ့်၊ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်အတွက် လှုပ်ရှားသူတွေကတော့ အဲဒီလုပ်ရပ်ဟာ လူတွေကို အမြဲတမ်းစောင့်ကြည့်နေတဲ့အတွက် မကောင်းဘူးလို့ ဝေဖန်နေကြပါတယ်။
ACLU နဲ့ ဥပဒေပြုအမတ်တွေက စိုးရိမ်ကြောင်း သတိပေးပြောကြားခဲ့ပြီး ဒရုန်းတွေကို ဘယ်လိုအသုံးပြုမလဲဆိုတဲ့အပေါ်မှာရော ရရှိလာတဲ့ အချက်အလက်တွေကို ဘယ်လိုသိမ်းဆည်းမလဲဆိုတဲ့အပေါ်မှာပါ ကန့်သတ်ချက်တွေထားရှိဖို့ တိုက်တွန်းနေပါတယ်။
Ref : Fossbytes