တရုတ်နည်းပညာကုမ္ပဏီ Deep Robotics က စက်မှုလုပ်ငန်းသုံးအတွက် တည်ဆောက်ထားတဲ့ ရာသီဥတုမရွေး အသုံးပြုနိုင်တဲ့ လူလူစက်ရုပ် DR02 ကို မိတ်ဆက်လိုက်ပါတယ်။

China unveils world's first humanoid robot that resists dust, rain, heat

ကုမ္ပဏီရဲ့အဆိုအရ DR02 ဟာ ဖုန်နဲ့ မိုးဒဏ်ကို ခံနိုင်ရည်ရှိတဲ့ IP66 အဆင့် သတ်မှတ်ချက် ရရှိထားတဲ့ ကမ္ဘာ့ပထမဆုံး လူတူစက်ရုပ် ဖြစ်ပါတယ်။

အပူချိန် ဒါမှမဟုတ် စိုထိုင်းဆကြောင့် ကန့်သတ်ချက်ရှိတဲ့ စက်ရုပ်အများစုနဲ့မတူဘဲ DR02 က -20°C ကနေ 55°C အထိ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်တွေမှာ အလုပ်လုပ်နိုင်ပြီး စိုထိုင်းဆ၊ မိုးနဲ့ ဖုန်မှုန့်တွေကို အလွယ်တကူ ကိုင်တွယ်နိုင်ပါတယ်။

DEEP Robotics Launches World's First All-Weather Industrial Humanoid R -  Heyup

သူ့ရဲ့အရပ်အမြင့်က 175 cm (၅ ပေ ၉ လက်မ) နဲ့ ကိုယ်အလေးချိန် 65 kg (၁၄၃ ပေါင်) ရှိပါတယ်။ တစ်စက္ကန့်ကို 1.5 မီတာနှုန်းနဲ့ လမ်းလျှောက်နိုင်ပြီး အမြန်ဆုံး 4 မီတာအထိ ပြေးနိုင်ပါတယ်။ ဒီဂရီ ၂၀ ရှိတဲ့ တောင်စောင်းတွေကို တက်နိုင်သလို 10 kg (၂၂ ပေါင်) အထိလည်း မနိုင်ပါတယ်။

သူ့ရဲ့ အလွယ်တကူ အစားထိုး တပ်ဆင်နိုင်တဲ့ (modular) ဒီဇိုင်းကြောင့် အင်ဂျင်နီယာတွေက ပြုပြင်ထိန်းသိမ်းမှု မြန်ဆန်စေဖို့အတွက် လက်တွေ၊ ခြေထောက်တွေလို အစိတ်အပိုင်းတွေကို အမြန်ဆုံး လဲလှယ်နိုင်မှာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ကို မြေပုံထုတ်တာ၊ အတားအဆီးတွေကို ရှာဖွေတာနဲ့ အချိန်နဲ့တပြေးညီ အသိဉာဏ်ရှိရှိ လှုပ်ရှားသွားလာနိုင်ဖို့အတွက် ဒီစက်ရုပ်မှာ LiDAR, အနက်တိုင်း အာရုံခံကိရိယာ (depth sensors) တွေနဲ့ မြင်ကွင်းကျယ်ကင်မရာ (wide-angle cameras) တွေကို တပ်ဆင်ထားပါတယ်။

ခွန်အား၊ လျင်မြန်မှုနဲ့ ပတ်ဝန်းကျင်ဒဏ် ခံနိုင်ရည်ရှိမှုတွေကို ပေါင်းစပ်ထားတဲ့ DR02 ကို ကြမ်းတမ်းတဲ့ ပြင်ပအခြေအနေတွေမှာ လုံခြုံရေး၊ စစ်ဆေးရေးနဲ့ ပစ္စည်းပို့ဆောင်ရေး (logistics) လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

Ref : Technology Innovation