Elon Musk ပိုင်ဆိုင်တဲ့ X (Twitter) လူမှုကွန်ရက်ဟာ စပိန်နိုင်ငံမှာ ယူရို ၅ သန်း (ဒေါ်လာ ၅.၈ သန်း) ဒဏ်တပ်ခံလိုက်ရပါတယ်။

Spain fines Musk's X $5.8 million in cryptoasset advertising case

ဘာလို့ ဒဏ်ရိုက်ခံရတာလဲ?

အကြောင်းရင်းကတော့ X ပေါ်မှာ ကြော်ငြာလာထည့်တဲ့ crypto (ဒစ်ဂျစ်တယ်ငွေကြေး) ကုမ္ပဏီတစ်ခုကို X က စနစ်တကျ မစစ်ဆေးခဲ့လို့ ဖြစ်ပါတယ်။ “Quantum AI” လို့ခေါ်တဲ့ အဲဒီ crypto ကုမ္ပဏီဟာ ရင်းနှီးမြှုပ်နှံမှု ဝန်ဆောင်မှုတွေ ပေးခွင့်လိုင်စင် (လုပ်ပိုင်ခွင့်) အမှန်တကယ် ရှိရဲ့လားဆိုတာကို X ဘက်က သေချာ မစစ်ဆေးဘဲ ကြော်ငြာခွင့် ပေးခဲ့ပါတယ်။

Spain Imposes $5.8 Million Fine on Elon Musk's X for Unauthorized Crypto Ads

စပိန်က ဘာကြောင့် ဒီလောက်တင်းကြပ်တာလဲ?

စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ၂၀၂၂ ခုနှစ်ကတည်းက crypto ကြော်ငြာတွေနဲ့ ပတ်သက်ပြီး စည်းကမ်းတွေ တင်းတင်းကျပ်ကျပ် ထုတ်ပြန်ခဲ့ပါတယ်။ ဒါက ပြည်သူတွေ အလိမ်မခံရအောင်နဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သိရှိအောင် ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ အခု X ကို ဒဏ်ရိုက်ခဲ့တဲ့ စပိန်ရဲ့ စတော့ဈေးကွက် ကြီးကြပ်ရေးအဖွဲ့ (CNMV) က ဒီကြော်ငြာတွေကို စိစစ်ခွင့် အာဏာအပြည့် ပေးအပ်ခံထားရတဲ့ အဖွဲ့ ဖြစ်ပါတယ်။

 

CNMV က ဘာပြောလဲ?

တရားဝင် ထုတ်ပြန်ချက်ထဲမှာ “X (Twitter) ကုမ္ပဏီဟာ သူ့တာဝန်ကို မကျေပွန်ခဲ့ပါဘူး” လို့ ဖော်ပြထားပါတယ်။ X ဟာ Quantum AI ကုမ္ပဏီက CNMV ရဲ့ ခွင့်ပြုချက် လိုင်စင်ရထားသလား ဆိုတာကိုလည်း မစစ်ခဲ့ဘူး၊ ဒါ့အပြင် အဲဒီကုမ္ပဏီက CNMV (ဒါမှမဟုတ်) တခြားနိုင်ငံတွေရဲ့ “သတိပေးစာရင်း (Warning List)” ထဲမှာ ပါနေသလား ဆိုတာကိုလည်း မစစ်ဆေးခဲ့ပါဘူးလို့ ဆိုပါတယ်။

ဒီဒဏ်ငွေကို နိုဝင်ဘာ ၃ ရက်နေ့ကတည်းက သတ်မှတ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ တရားဝင် ကြေညာခဲ့တာပါ။ X အနေနဲ့ ဒီဒဏ်ငွေကို မကျေနပ်ရင် စပိန်တရားရုံးချုပ်မှာ အယူခံဝင်ခွင့် ရှိပါသေးတယ်။ X ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ချက်ချင်း တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

Ref: channel news asia