Startup Sunday ဟာ မိသားစုတွေရဲ့ နေ့စဉ် အိမ်မှုကိစ္စတွေကို ကူညီပေးဖို့ တည်ဆောက်ထားတဲ့ Memo ဆိုတဲ့ ကိုယ်ပိုင်စက်ရုပ်ကို မိတ်ဆက်လိုက်ပါတယ်။ တခြား အိမ်သုံးစက်ရုပ်အများစုနဲ့ မတူတာကတော့ Memo ဟာ ဓာတ်ခွဲခန်းထဲက စမ်းသပ်ချက်တွေကနေ သင်ယူထားတာ မဟုတ်ဘဲ တကယ့် အိမ်တွင်း လုပ်ရိုးလုပ်စဉ်တွေကနေ သင်ယူထားတာ ဖြစ်ပါတယ်။

Household humanoid robot trained on 10 million chores unveiled in US

ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ Skill Capture Glove ကို သုံးပြီး အိမ်ထောင်စု ၅၀၀ ကျော်ဆီက ဒေတာတွေကို စုဆောင်းခဲ့တာပါ။ လူတွေက ဘယ်လို သန့်ရှင်းရေးလုပ်တယ်၊ ပစ္စည်းတွေ ခွဲခြားတယ်၊ စီစဉ်တယ်၊ ကိုင်တွယ်တယ် ဆိုတာတွေကို မှတ်တမ်းတင်ခဲ့ပြီး တကယ့်လက်တွေ့ဘဝ အိမ်မှုကိစ္စပေါင်း ၁၀ သန်းနီးပါးရှိတဲ့ Dataset တစ်ခုကို ဖန်တီးခဲ့ပါတယ်။

VIDEO: Sunday launches Memo personal robot that 'actually learns your home'  - Robotics 24/7

ဒါ့ကြောင့် Memo ဟာ စားပွဲရှင်းတာ၊ ပန်းကန်ဆေးစက် မောင်းတာ၊ အဝတ်ခေါက်တာ၊ ဖိနပ်စီတာ၊ Espresso ကော်ဖီဖျော်တာ စတဲ့ အဆင့်များတဲ့ အလုပ်တွေကို ကိုင်တွယ်လုပ်ဆောင်နိုင်ပါတယ်။

Memo ရဲ့ ဒီဇိုင်းက လူပုံစံအပြည့် ယူထားတာမျိုး မဟုတ်ပါဘူး။ သူက ဘီးတပ်ထားတဲ့ အောက်ခြေနဲ့ ရွေ့လျားပြီး ကိုယ်ထည်က တည်ငြိမ်မှုရှိအောင်နဲ့ လက်လှမ်းမီဖို့ လွယ်အောင် အမြင့်အတက်အကျ လုပ်လို့ရတဲ့အတွက် ပြိုလဲမယ့် အန္တရာယ်ကို လျော့နည်းစေပါတယ်။

သူ့ရဲ့ ရုပ်ထွက်ကလည်း လက်နှစ်ဖက်၊ ကာတွန်းဆန်တဲ့ မျက်နှာ၊ ပျော့ပျောင်းတဲ့ ဆီလီကွန် အခွံနဲ့ အရောင်စုံ ဘေ့စ်ဘော ဦးထုပ်တွေ ပါဝင်ပြီး ကြည့်ရတာ ဖော်ရွေပါတယ်။ Memo ကို နေ့စဉ် အိမ်တွေမှာ အကူအညီရစေဖို့၊ ဘေးကင်းဖို့နဲ့ လူတွေနဲ့ ရင်းနှီးလွယ်ဖို့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Ref : Technology Innovation