Facebook Marketplace မှာ Blink-182 တီရှပ်ဟောင်း (Vintage) တစ်ထည် ရောင်းနေတုန်း Mark Zuckerberg ကိုယ်တိုင် လာဆက်သွယ်ခဲ့တယ်လို့ ရောင်းသူတစ်ယောက်က ပြောပါတယ်။ ဇူဇူ ဘေထုပ် ဝယ်မယ်လို့ ဘယ်သူကမှ ထင်မှာ မဟုတ်ပါဘူး။

“Mark” လို့ အမည်ရတဲ့ ဝယ်သူတစ်ယောက်က Marketplace မှာ “ဆိုဒ်က ပုံမှန်အတိုင်းပဲလား” လို့မေးလာခဲ့ပါတယ်။ ရောင်းသူက ဝယ်သူရဲ့ ပရိုဖိုင်ကို နှိပ်ကြည့်လိုက်တဲ့အခါမှာတော့ အခြေအနေက ထူးဆန်းလာပါတော့တယ်။ အင်္ကျီဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀ ပါ။

အဲဒီအကောင့်က Facebook စတင်တည်ထောင်တဲ့နှစ် “၂၀၀၄ ခုနှစ်မှာ စတင်အသုံးပြုသည်” လို့ ပြထားပြီး ဒါဟာ ကုမ္ပဏီဝန်ထမ်း ဦးဆောင်သူ အနည်းငယ်လောက်သာ ရှိနိုင်တဲ့ ရက်စွဲတစ်ခု ဖြစ်ပါတယ်။ ပရိုဖိုင်ပုံကလည်း လူပုံ မဟုတ်ဘဲ သူရောင်းနေတဲ့ Blink-182 တီရှပ်ပုံ ဖြစ်နေပါတယ်။
ရောင်းသူဟာ မယုံနိုင်ဖြစ်သွားပြီးတဲ့နောက်မှာတော့ သူဈေးစကားပြောနေတာဟာ သာမန် လူတစ်ယောက် မဟုတ်ဘဲ Mark Zuckerberg ကိုယ်တိုင် ဖြစ်နေတယ်ဆိုတာကို သဘောပေါက်သွားခဲ့ပါတယ်။
Mark Zuckerberg ဘက်က တရားဝင် မှတ်ချက်မပေးသေးပေမယ့် ဒီအကြောင်းအရာဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီး ဘီလျံနာတွေတောင် Marketplace က ပစ္စည်းကောင်းဆိုရင် လက်မလွတ်နိုင်ကြဘူးလို့ ပရိသတ်တွေက စနောက်နေကြပါတယ်။ တချို့ကလည်း ကမ္ဘာ့အကျော်ကြားဆုံး နည်းပညာ CEO ကြီးက ၂၀၀၀ ပြည့်နှစ် အငွေ့အသက် pop-punk အင်္ကျီလေးလိုချင်လို့ ကိုယ်ပိုင်အက်ပ်ကို ကိုယ်တိုင် ပြန်သုံးပြီး ရှာဖွေနေတာက ရယ်စရာကောင်းတယ်လို့ ပြောကြပါတယ်။
Ref : alternativenation