Google ပူးတွဲတည်ထောင်သူ Larry Page ဟာ Oracle တည်ထောင်သူ Larry Ellison ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် နေရာကို ရောက်ရှိလာပါတယ်။

Forbes ရဲ့ Real-Time Billionaires စာရင်းအရ Larry Page ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၂၆၀ ဘီလီယံဝန်းကျင် (တချို့စာရင်းတွေအရ ၂၆၄.၉ ဘီလီယံ) အထိ ရှိလာတာပါ။ ဒီလို ခုန်တက်သွားရတဲ့ အဓိကအကြောင်းရင်းကတော့ Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ရှယ်ယာဈေးနှုန်းတွေ အကြီးအကျယ် မြင့်တက်လာလို့ ဖြစ်ပါတယ်။
အထူးသဖြင့် Google က မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Gemini 3 AI မော်ဒယ်ရဲ့ အောင်မြင်မှုကြောင့် ရင်းနှီးမြှုပ်နှံသူတွေကြားမှာ ယုံကြည်မှုတွေ မြင့်တက်လာပြီး ကုမ္ပဏီရဲ့ တန်ဖိုးလည်း ထိုးတက်သွားခဲ့တာပါ။
လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ Tesla နဲ့ SpaceX ပိုင်ရှင် Elon Musk က ဒေါ်လာ ၄၇၀ ဘီလီယံကျော်နဲ့ ပထမနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။ အခု Larry Page က ဒုတိယနေရာကို ရောက်လာပြီး Larry Ellison က တတိယနေရာကို ဆင်းပေးလိုက်ရပါတယ်။
ဒါ့အပြင် Google ရဲ့ နောက်ထပ် ပူးတွဲတည်ထောင်သူ Sergey Brin ကလည်း ကြွယ်ဝမှု တိုးလာပြီး ကမ္ဘာ့အချမ်းသာဆုံး စာရင်းရဲ့ ထိပ်ဆုံး ၅ ယောက်စာရင်း (Top 5) ထဲကို ဝင်ရောက်လာပါတယ်။
Ref : Forbes