ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့တဲ့ Samsung Galaxy Z TriFold ကို တောင်ကိုရီးယား မှာ စတင်ရောင်းချလိုက်ပါပြီ။ ဈေးနှုန်းကတော့ KRW3,590,400 ဖြစ်ပြီး လက်ရှိငွေလဲနှုန်းအရဆိုရင် ဒေါ်လာ ၂,၄၂၈ နဲ့ ညီမျှပါတယ်။ ဈေးနှုန်းကြီးမြင့်ပြီး ပထမဆုံးမျိုးဆက် ထုတ်ကုန်ဖြစ်ပေမယ့်လည်း Galaxy Z TriFold ဟာ ရနိုင်တဲ့ နေရာတိုင်းမှာ မိနစ်ပိုင်းအတွင်း ကုန်သွားခဲ့ပါတယ်။ အဲဒီ သုံးခေါက်ချိုး စမတ်ဖုန်းအတွက် ကိုရီးယားရှိ Samsung ဆိုင်တချို့ရဲ့ အပြင်ဘက်မှာ လူတွေ အကြာကြီး တန်းစီစောင့်ဆိုင်းနေခဲ့ကြပါတယ်။

Samsung Debuts $2,450 Galaxy Z TriFold Months Ahead of Foldable iPhone -  Bloomberg

Samsung အနေနဲ့ ဒီနေ့ Galaxy Z TriFold အလုံးရေ ဘယ်လောက် ရောင်းချခဲ့ရတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ ဒါပေမယ့် Galaxy Z TriFold ကို ဝယ်ယူဖို့ ပြန်လည်ရရှိနိုင်တဲ့အချိန်မှာ သိရှိနိုင်ဖို့အတွက် သူတို့ရဲ့ တောင်ကိုရီးယား ဝက်ဘ်ဆိုက်မှာ restock notification ရယူဖို့ စာရင်းပေးသွင်းခွင့် ပြုထားပါတယ်။

Samsung Galaxy Z TriFold is official and will be on sale next week -  GSMArena.com news

Samsung Galaxy Z TriFold ဟာ Crafted Black အရောင်နဲ့ 16GB/512GB configuration တစ်မျိုးတည်းသာ ရရှိနိုင်ပါတယ်။ Samsung က အဲဒီ စမတ်ဖုန်းကို အနာဂတ်မှာ China၊ Taiwan၊ Singapore၊ UAE နဲ့ US တို့ဆီ တိုးချဲ့ဖြန့်ဖြူးသွားမယ်လို့ အတည်ပြုထားပေမယ့် အဲဒီ ဈေးကွက်တွေမှာ ရရှိနိုင်မယ့် နေ့ရက် အတိအကျကိုတော့ မသိရသေးပါဘူး။

Ref : gsmarena