တရုတ်နိုင်ငံမှာ စိတ်ခံစားမှုပိုင်းဆိုင်ရာ အထောက်အကူပြုပေးနိုင်တဲ့ AI အရုပ်တွေ ခေတ်စားလာနေပါတယ်။ လူငယ်တွေက စိတ်ပိုင်းဆိုင်ရာ တန်ဖိုးပေးနိုင်တဲ့ အရာတွေအတွက် ငွေသုံးလာကြတာမို့ ကုမ္ပဏီကြီးတွေကလည်း ဒီဈေးကွက်ထဲကို ဝင်ရောက်လာကြပါတယ်။ တရုတ်စက်မှုနဲ့ သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်မှာ AI အရုပ်ဈေးကွက်တန်ဖိုးဟာ ယွမ် ၂၄.၆ ဘီလီယံရှိခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ယွမ် ၂၉ ဘီလီယံအထိ ရောက်ရှိဖို့ ခန့်မှန်းထားပါတယ်။

Guests interact with artificial intelligence companion toys on Nov 16 at the 2025 Global AI+ Conference in Beijing.

ဒီတိုးတက်မှုနှုန်းကို အစိုးရရဲ့ မူဝါဒတွေကလည်း ပံ့ပိုးပေးထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဝန်ကြီးဌာနပေါင်းစုံ ပူးပေါင်းပြီး ထုတ်ပြန်ခဲ့တဲ့ လုပ်ငန်းစီမံချက်အရ စုဆောင်းလို့ရတဲ့ အရုပ်တွေကို ဦးစားပေး ကဏ္ဍအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ၂၀၂၇ ခုနှစ်မှာ ယွမ် ၁၀၀ ဘီလီယံကျော်အထိ ရောက်ရှိမယ့် စားသုံးသူ ကဏ္ဍ ၁၀ ခုထဲမှာ ဒီကဏ္ဍလည်း ပါဝင်လာပါတယ်။

AI In China: It Begins with Toys - EE Times Asia

လူကြိုက်များတဲ့ ထုတ်ကုန်တွေထဲမှာ Robopoet ကုမ္ပဏီရဲ့ Fuzozo လို AI အရုပ်တွေ ပါဝင်ပြီး အသုံးပြုသူတွေနဲ့ စကားပြောနိုင်သလို မျက်လုံးချင်းဆုံနိုင်စွမ်းလည်း ရှိပါတယ်။ နောက်ထပ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Ropet ကတော့ အိမ်မွေးတိရစ္ဆာန်ပုံစံ AI စက်ရုပ်တွေကို ထုတ်လုပ်ထားပြီး အထီးကျန်ဆန်တာတွေကို ကုစားပေးနိုင်ပါတယ်။ ဒီစက်ရုပ်တွေဟာ ဓာတ်မတည့်တာမျိုး၊ အချိန်ပေးရတာမျိုး မရှိတာကြောင့် လူငယ်တွေရဲ့ နေထိုင်မှုပုံစံနဲ့ ကိုက်ညီမှုရှိပါတယ်။

ပြည်တွင်းမှာသာမက ပြည်ပဈေးကွက်မှာပါ တရုတ် AI အရုပ်တွေ နေရာရလာနေပါတယ်။ ဥပမာ – TangibleFuture ကုမ္ပဏီရဲ့ LOOI Robot ဆိုရင် ဖုန်းထည့်လိုက်တာနဲ့ အပြန်အလှန် တုံ့ပြန်နိုင်တဲ့ စက်ရုပ်အဖြစ် ပြောင်းလဲသွားပြီး ၉၀ ရာခိုင်နှုန်းကို ပြည်ပမှာ ရောင်းချနေရပါတယ်။ Tesla CEO Elon Musk ကတောင် လူမှုကွန်ရက်မှာ ဒီပစ္စည်းကို ထောက်ခံအားပေးခဲ့ဖူးပါတယ်။

အမေရိကန်နဲ့ ဥရောပက စားသုံးသူတွေက ဒီလို AI စက်ရုပ်တွေကို “စိတ်ခံစားမှု အားဖြည့်စခန်း” လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အရုပ်လုပ်ငန်း ကွင်းဆက် ပြည့်စုံတာ၊ ထုတ်လုပ်မှု အားကောင်းတာနဲ့ ကျွမ်းကျင်လုပ်သားတွေ ရှိနေတာကြောင့် အရည်အသွေးမြင့်ပြီး ဈေးနှုန်းသင့်တင့်တဲ့ အရုပ်တွေကို ကမ္ဘာတစ်ဝန်းဆီ တင်ပို့နိုင်စွမ်း ရှိနေတာ ဖြစ်ပါတယ်။

Ref : straitstimes