Elon Musk ရဲ့ X platform မှာ ပါဝင်တဲ့ AI chatbot တစ်ခုဖြစ်တဲ့ Grok ဟာ လိင်အသားပေး deepfake ပုံတွေ ဖန်တီးနိုင်တဲ့အတွက် မလေးရှား နဲ့ အင်ဒိုနီးရှား နိုင်ငံတွေက Grok ကို ဝင်ရောက်အသုံးပြုခွင့် ပိတ်ပင်လိုက်ပါတယ်။ Grok ဟာ သုံးစွဲသူတွေအနေနဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ ပုံမှန်ဓာတ်ပုံတွေကို လိင်အသားပေးပုံစံ ပြောင်းလဲဖန်တီးနိုင်တဲ့အတွက် အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုပိတ်ပင်မှုဟာ ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်ပြီး UK မှာလည်း အလားတူ ပိတ်ပင်ဖို့ ဖိအားတွေ ရှိနေတာကြောင့် Musk ကတော့ အစိုးရတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်ချင်နေတယ်လို့ စွပ်စွဲထားပါတယ်။

Getty Images Close up of Elon Musk wearing a suit against a blue background

မလေးရှား နဲ့ အင်ဒိုနီးရှား ဆက်သွယ်ရေးဝန်ကြီးဌာနတွေက သီးခြားစီ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။ မလေးရှားn Communications and Multimedia Commission က Grok ကို အလွဲသုံးစားလုပ်ပြီး အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေ ဖန်တီးနေတာကို တွေ့ရှိရလို့ X ဘက်က အစီအမံတွေ တင်းကြပ်ဖို့ သတိပေးခဲ့ပေမယ့် X က ထိထိရောက်ရောက် ဖြေရှင်းပေးတာမျိုး မရှိဘူးလို့ ပြောပါတယ်။ အင်ဒိုနီးရှား ဝန်ကြီး Meutya Hafid ကလည်း Grok ကို သုံးပြီး လိင်အသားပေးပုံတွေ ဖန်တီးတာဟာ လူ့အခွင့်အရေးနဲ့ အွန်လိုင်းလုံခြုံမှုကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး X ဘက်က ရှင်းလင်းချက်ပေးဖို့ တောင်းဆိုထားပါတယ်။

How Elon Musk's rogue Grok chatbot became a cautionary AI tale

အင်ဒိုနီးရှား အာဏာပိုင်တွေဟာ အရင်ကတည်းက OnlyFans နဲ့ Pornhub လို ဝဘ်ဆိုက်တွေကို ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ Grok မှာ ကိုယ့်ပုံတွေ ပြုပြင်ဖန်တီးခံရတဲ့ အင်ဒိုနီးရှား က X အသုံးပြုသူတွေကတော့ ဒီကိစ္စအပေါ် ဒေါသထွက်နေကြပါတယ်။ ဥပမာအားဖြင့် ဘီးတပ်ကုလားထိုင်အသုံးပြုသူ Kirana Ayuningtyas ဆိုရင် သူတင်ထားတဲ့ပုံကို Grok သုံးပြီး ရေကူးဝတ်စုံနဲ့ပုံ ပြောင်းလဲဖန်တီးခံခဲ့ရပါတယ်။ သူက report လုပ်ပြီး privacy settings တွေ ပြင်ဆင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ သိပ်ပြီး ထိရောက်မှု မရှိခဲ့ဘူးလို့ ပြောပါတယ်။

Grok ကို သုံးပြီး လိင်အသားပေးပုံတွေ ဖန်တီးနေတာကို ကမ္ဘာ့ခေါင်းဆောင်တွေက ရှုတ်ချနေကြပါတယ်။ UK ဝန်ကြီးချုပ် Keir Starmer က ဒါကို “အရှက်ရစရာ” လို့ ပြောဆိုခဲ့သလို Technology Secretary ဖြစ်သူ Liz Kendall ကလည်း အွန်လိုင်းလုံခြုံရေးဥပဒေတွေကို မလိုက်နာရင် Elon Musk ရဲ့ X ကို UK မှာ ပိတ်ပင်သွားမယ့် အစီအစဉ်ကို ထောက်ခံတယ်လို့ ပြောပါတယ်။

Ref : bbc