Meta CEO Mark Zuckerberg ဟာ အသက် ၂၈ နှစ်အရွယ် Alexandr Wang ကို ဒေါ်လာ ၁၄ ဘီလီယံတန်ကြေးရှိတဲ့ Scale AI ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံပြီး Meta ရဲ့ AI ဌာနသစ်ဖြစ်တဲ့ Meta Superintelligence Labs ကို ဦးဆောင်ဖို့ ခန့်အပ်လိုက်ပါတယ်။ ဒီလိုခန့်အပ်လိုက်တာကြောင့် Alexandr Wang ဟာ Forbes ရဲ့ အသက် ၄၀ အောက် ကိုယ့်ဒူးကိုယ်ချွန် ဘီလီယံနာ စာရင်း မှာ ပါဝင်လာပြီး ၂၀၂၆ အစောပိုင်းကာလအထိ သူ့ရဲ့ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံအထိ ရှိနေပါတယ်။

The rise of Alexandr Wang: Meta's $14bn bet on 28-year-old Scale AI chief

US မှာ ရူပဗေဒပညာရှင်မိဘတွေက မွေးဖွားခဲ့တဲ့ Alexandr Wang ဟာ MIT တက္ကသိုလ်ကနေ ကျောင်းထွက်ပြီး အသက် ၁၉ နှစ်အရွယ်မှာ Scale AI ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Scale AI ဟာ NVIDIA, Amazon နဲ့ Meta လို ကုမ္ပဏီကြီးတွေအတွက် Data တွေ ထောက်ပံ့ပေးခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ တန်ဖိုးဒေါ်လာ ၁၄ ဘီလီယံနီးပါး ရှိလာတဲ့အထိ အောင်မြင်ခဲ့တာကြောင့် သူဟာ အသက်ငယ်ဆုံး ကိုယ့်ဒူးကိုယ်ချွန် ဘီလျံနာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Ai, Meta invests $14.3bn to take over 49% of Scale - Il Sole 24 ORE

အခုအခါမှာတော့ Alexandr Wang ဟာ Meta Superintelligence Labs (MSL) အောက်မှာ Meta ရဲ့ AI သုတေသန၊ အခြေခံအဆောက်အအုံနဲ့ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေး အပိုင်းတွေကို ဦးစီးရမှာ ဖြစ်ပါတယ်။ Meta အနေနဲ့ Scale AI ရဲ့ Data ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို အသုံးပြုပြီး OpenAI နဲ့ Google DeepMind တို့ကို ယှဉ်ပြိုင်ဖို့နဲ့ “superintelligence” ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ မျှော်မှန်းထားပါတယ်။

Ref : Financialexpress