အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် (Pentagon) ဟာ Elon Musk ရဲ့ နာမည်ကျော် AI chatbot ဖြစ်တဲ့ Grok ကို အခုလနှောင်းပိုင်းမှာတင် စစ်ဘက်ကွန်ရက်တွေထဲ ထည့်သွင်း အသုံးပြုတော့မှာ ဖြစ်ပါတယ်။

Pentagon is embracing Musk's Grok AI chatbot as it draws global outcry

ဒီအစီအစဉ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က Texas ပြည်နယ်မှာရှိတဲ့ SpaceX ဌာနချုပ်ကို ရောက်ရှိနေစဉ် တနင်္လာနေ့မှာ ကြေညာခဲ့တာပါ။ ပင်တဂွန်အနေနဲ့ ထိပ်တန်း AI မော်ဒယ်တွေကို လျှို့ဝှက်အဆင့်မြင့် စစ်ဘက်ကွန်ရက်တွေကအစ သာမန်ကွန်ရက်တွေအထိ အမြန်ဆုံး ဖြန့်ကြက်ချထားဖို့ ပြင်ဆင်နေတယ်လို့ သူက ဆိုပါတယ်။

Pentagon to deploy Grok despite obscene image row: Why is US military  embracing Elon Musk's AI chatbot? | Today News

အစီအစဉ်သစ်အရ ပင်တဂွန်ရဲ့ Chief Digital and Artificial Intelligence Office ကနေ ဒေတာမျှဝေမှုတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမှာ ဖြစ်ပြီး အရေးကြီးတဲ့ စစ်ဆင်ရေးတွေမှာ AI နည်းပညာကို အကြီးအကျယ် အသုံးချနိုင်အောင် လမ်းဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

တကယ်တော့ Grok ဟာ အကြောင်းအရာ ထိန်းချုပ်မှု (Content Moderation) ပိုင်းမှာ အားနည်းချက်တွေ ရှိနေတာကြောင့် အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ ယာယီပိတ်ပင်ခံထားရတဲ့အထိ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါပေမဲ့ အမေရိကန် စစ်ဘက်ခေါင်းဆောင်တွေကတော့ ဒီဝေဖန်မှုတွေထက် ထောက်လှမ်းရေး၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ စစ်ဆင်ရေး စီမံကိန်းတွေမှာ AI ရဲ့ မြန်ဆန်တဲ့ စွမ်းဆောင်ရည်ကိုပဲ အဓိက အလေးထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Grok လို စမ်းသပ်ဆဲအဆင့် AI ကိရိယာတစ်ခု ပင်တဂွန်ထဲ ရောက်လာတာဟာ ခေတ်သစ် အမျိုးသားလုံခြုံရေး နယ်ပယ်မှာ AI နည်းပညာ ဘယ်လောက်အထိ အရှိန်အဟုန်နဲ့ နေရာယူလာနေသလဲဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

Ref : Technology Innovation