Realme က ဘက်ထရီသက်တမ်း အလွန်ကောင်းမွန်တဲ့ P4 Lite 4G စမတ်ဖုန်းကို အိန္ဒိယဈေးကွက်မှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းမှာ 6300mAh ဘက်ထရီ ပါဝင်ပြီး ဘတ်ဂျက်ဖုန်း ဈေးကွက်အတွက် အကြိုက်တွေ့စေမယ့် ဖုန်းတစ်လုံး ဖြစ်လာပါတယ်။

Realme P4 Lite arrives with a 90Hz display and a 6,300 mAh battery for about $100

မျက်နှာပြင်နဲ့ ဒီဇိုင်း

ဒီဖုန်းမှာ ၆.၇၄ လက်မအရွယ် HD+ IPS LCD မျက်နှာပြင်ကို အသုံးပြုထားပြီး 90Hz Refresh Rate ရရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီ အကြီးကြီး ပါပေမယ့် ဖုန်းရဲ့ အထူက ၇.၉၄ မီလီမီတာသာ ရှိပြီး အလေးချိန် ၂၀၁ ဂရမ် ရှိပါတယ်။ ရေနဲ့ ဖုန်ဒဏ်ခံနိုင်တဲ့ IP54 အဆင့်နဲ့ စစ်ဘက်သုံး စံချိန်မီ MIL-STD 810H ခံနိုင်ရည်ရှိမှုကိုလည်း ထည့်သွင်းပေးထားပါတယ်။ ကျောဘက်မှာ အသိပေးချက်တွေအတွက် လင်းနိုင်တဲ့ Pulse Light ဒီဇိုင်းသစ်လည်း ပါဝင်ပါတယ်။

realme P4 Lite 4G with 6.67″ 90Hz display, 6300mAh battery launched in  India starting at an effective price of Rs. 7999

စွမ်းဆောင်ရည်

ဖုန်းရဲ့ စွမ်းဆောင်ရည်အတွက် 12nm UNISOC T7250 Octa-core ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ RAM 4GB နဲ့ Storage က 64GB နဲ့ 128GB တွေ ရရှိနိုင်ပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာတော့ ဒိတ်အောက်နေတဲ့ Android 15 ပဲပါပါတယ်။

ကင်မရာ

ကျောဘက်မှာ 13MP အဓိကကင်မရာ ပါဝင်ပြီး ရှေ့ဘက်မှာတော့ ဆဲလ်ဖီးနဲ့ ဗီဒီယိုကောလ်တွေအတွက် 5MP ကင်မရာကို တပ်ဆင်ပေးထားပါတယ်။

 

ဘက်ထရီ

ဒီဖုန်းရဲ့ အဓိက ဆွဲဆောင်မှုကတော့ 6300mAh ပမာဏရှိတဲ့ ဘက်ထရီကြီး ဖြစ်ပါတယ်။ 15W အားမြန်သွင်းစနစ် ပါဝင်ပြီး တခြားစက်တွေကို အားပြန်သွင်းပေးနိုင်တဲ့ 6W Reverse Charging လည်း ပါဝင်ပါတယ်။

 

ဈေးနှုန်း

Realme P4 Lite 4G ကို Beach Gold, Obsidian Black, နဲ့ Sea Blue ဆိုပြီး အရောင်သုံးမျိုးနဲ့ ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ 4GB RAM နဲ့ 64GB မော်ဒယ်ကို အိန္ဒိယ ရူပီး ၉,၉၉၉ (ဒေါ်လာ ၁၁၀)ကနေ စတင်မှာ ဖြစ်ပြီး 4GB RAM နဲ့ 128GB မော်ဒယ်ကိုတော့ ရူပီး ၁၁,၉၉၉ သတ်မှတ်ထားပါတယ်။

Ref : gsmarena