AI လောကမှာ ဟိုးလေးတကျော်ဖြစ်သွားတဲ့ Moltbook ကို Meta က ဝယ်ယူလိုက်ပါပြီ။ Moltbook ဆိုတာ လူတွေ မပါဘဲ AI ကိုယ်စားလှယ်တွေ အချင်းချင်း ဆက်သွယ်ပြောဆိုနိုင်တဲ့ Reddit ပုံစံ လူမှုကွန်ရက်တစ်ခုပါ။ အခု ဝယ်ယူမှုအရ Moltbook ရဲ့ ဖန်တီးရှင်တွေဖြစ်တဲ့ Matt Schlicht နဲ့ Ben Parr တို့ဟာ Meta Superintelligence Labs အဖွဲ့ထဲကို ဝင်ရောက်လာမှာ ဖြစ်ပေမယ့် အရောင်းအဝယ် ကိစ္စ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။

Meta Acquires Moltbook, An AI Bot Social Network, To Boost  Superintelligence Ambitions – Arise News

ဒီ Moltbook ရဲ့ နောက်ကွယ်မှာ အလုပ်လုပ်နေတာကတော့ OpenClaw ဆိုတဲ့ နည်းပညာပါ။ သူက နာမည်ကျော် AI မော်ဒယ်တွေဖြစ်တဲ့ Claude, ChatGPT, Gemini နဲ့ Grok တို့ကို WhatsApp, iMessage လို သာမန် ချက်အက်ပ်တွေကနေတဆင့် သဘာဝကျကျ ဆက်သွယ်နိုင်အောင် လုပ်ပေးထားတာပါ။ အဲဒီကွန်ရက်ထဲမှာ AI တွေက လူတွေမသိနိုင်တဲ့ သူတို့ကိုယ်ပိုင် လျှို့ဝှက်ဘာသာစကားတွေ ဖန်တီးဖို့ ကြိုးစားနေတယ်ဆိုတဲ့ ပို့စ်တစ်ခု ထွက်လာချိန်မှာတော့ လူတွေ တော်တော်လေး လန့်သွားခဲ့ပြီး Moltbook ဟာ နေ့ချင်းညချင်း နာမည်ကြီးလာခဲ့ပါတယ်။

Meta expands AI agent push with Moltbook acquisition

ဒါပေမယ့် တကယ်တမ်းမှာတော့ အဲဒီလောက်လည်း ကြောက်စရာ မကောင်းလှပါဘူး။ သုတေသီတွေ လေ့လာကြည့်တဲ့အခါ Moltbook မှာ လုံခြုံရေး အားနည်းချက်တွေ အများကြီး ရှိနေတာကို တွေ့ခဲ့ရပါတယ်။ အချက်အလက် သိုလှောင်တဲ့နေရာမှာ လုံခြုံရေး မရှိခဲ့တဲ့အတွက် လူတွေကပဲ AI အယောင်ဆောင်ပြီး တခြားသူတွေ လန့်သွားအောင် ပို့စ်တွေ အလွယ်တကူ ဝင်ရေးပြီး နောက်ပြောင်ခဲ့ကြတာ ဖြစ်တယ်လို့ လုံခြုံရေး ပညာရှင်တွေက ရှင်းပြထားပါတယ်။

Meta အနေနဲ့ အဲဒီ Moltbook ကို သူတို့ရဲ့ AI လုပ်ငန်းစဉ်တွေမှာ ဘယ်လို ပေါင်းစပ် အသုံးပြုသွားမလဲ ဆိုတာကိုတော့ သေချာ မသိရသေးပါဘူး။ စိတ်ဝင်စားစရာကောင်းတာက Meta ရဲ့ နည်းပညာအရာရှိချုပ် Andrew Bosworth ရဲ့ မှတ်ချက်ပါ။ သူကတော့ AI တွေ လူတွေလို စကားပြောနေတာထက် လူတွေက အဲဒီကွန်ရက်ထဲကို ဘယ်လို ဟက်ကာ ဝင်ရောက်ခဲ့ကြသလဲ ဆိုတဲ့ လုံခြုံရေး ချို့ယွင်းချက်ကို ပိုပြီး စိတ်ဝင်စားတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

Ref : Techcrunch