Xiaomi ရဲ့ Redmi Note series တွေဟာ ပုံမှန်အားဖြင့် တစ်နှစ်ကို တစ်ကြိမ် အသစ်ထွက်ရှိလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လမှာ Redmi Note 15 ကို တရုတ် မှာ မိတ်ဆက်ခဲ့တာကြောင့် နောက်ဆက်တွဲမော်ဒယ်ကိုတော့ ၂၀၂၆ ခုနှစ် ဩဂုတ်လ ဒါမှမဟုတ် အဲဒီအချိန်ဝန်းကျင်မှာ မိတ်ဆက်လာနိုင်ပါတယ်။

REDMI Note 15 Pro+ 5G Specs, Features | Xiaomi Singapore

အဲဒီလို မိတ်ဆက်ဖို့ လတွေ အများကြီး လိုနေသေးပေမယ့် အခုထွက်ပေါ်လာတဲ့ သတင်းတွေအရ Redmi Note 16 series မှာ ပါဝင်လာနိုင်မယ့် ဟာ့ဒ်ဝဲအချက်အလက်တွေကို သိလာရပါတယ်။

Digital Chat Station ရဲ့ မကြာသေးမီက ပြောကြားချက်အရ လက်ရှိစမ်းသပ်နေတဲ့ ဖုန်းအသစ်တစ်ခုမှာ 100W အမြန်အားသွင်းစနစ် ပါဝင်တဲ့ 10,000mAh ဘက်ထရီအကြီးစားနဲ့ 200MP ပင်မကင်မရာ ပါဝင်လာမယ်လို့ သိရပါတယ်။ အဲဒီဖုန်းရဲ့ နာမည်အတိအကျ မသိရပေမယ့် Redmi Note 16 series ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလက ထွက်ပေါ်ခဲ့တဲ့ 200MP ကင်မရာ ပါဝင်မယ်ဆိုတဲ့ ကောလာဟလနဲ့လည်း ကိုက်ညီနေပါတယ်။

တကယ်လို့ 10,000mAh ဘက်ထရီသာ ပါဝင်လာခဲ့မယ်ဆိုရင် အဲဒီဖုန်းဟာ Redmi ဒါမှမဟုတ် Xiaomi ဖုန်းတွေထဲမှာ ဘက်ထရီအကြီးဆုံးဖုန်း ဖြစ်လာမှာပါ။ လက်ရှိအချိန်မှာတော့ 9,000mAh ဘက်ထရီ ပါဝင်တဲ့ Redmi Turbo 5 Max က ဘက်ထရီအကြီးဆုံး စံချိန်တင်ထားပါတယ်။

Ref : Gizmochina