Redmi 15 Series ရဲ့ အဖွဲ့ဝင်သစ်ဖြစ်တဲ့ Redmi 15A ကို အိန္ဒိယမှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီဖုန်းဟာ ပေါ့ပေါ့ပါးပါးနဲ့ အကြမ်းခံသုံးချင်သူတွေအတွက် ရည်ရွယ်ထားပြီး 6,300mAh အထိ ပါဝင်တဲ့ ဘက်ထရီအကြီးစားကြီးနဲ့အတူ ထွက်ရှိလာတာ ဖြစ်ပါတယ်။ မျက်နှာပြင်ပိုင်းမှာ ၆.၉ လက်မရှိတဲ့ HD+ IPS LCD အမျိုးအစားကို သုံးထားပြီး 120Hz Refresh Rate ပါဝင်တာကြောင့် ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ ဖုန်းပွတ်တာပဲဖြစ်ဖြစ် အင်မတန် ချောမွေ့နေမှာ ဖြစ်ပါတယ်။

Redmi 15A arrives with familiar specs - GSMArena.com news

နည်းပညာပိုင်းမှာတော့ Unisoc T8300 Chipset ကို အသုံးပြုထားပြီး RAM 4GB ကနေ 8GB အထိ ရွေးချယ်နိုင်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်မှာ 32MP ပင်မကင်မရာ ပါဝင်ပြီး အရှေ့ဘက်မှာတော့ 8MP ဆဲလ်ဖီကင်မရာ ပါရှိပါတယ်။ ထူးခြားချက်တစ်ခုကတော့ Software ပိုင်းမှာ Xiaomi ရဲ့ နောက်ဆုံးပေါ် HyperOS 3.0 (Android 16) နဲ့ မောင်းနှင်မှာဖြစ်ပြီး ၄ နှစ်အထိ OS Update နဲ့ ၆ နှစ်အထိ Security Patch တွေ ပေးသွားမယ်လို့ ကတိပြုထားတာကြောင့် ရေရှည်စိတ်ချလက်ချ သုံးလို့ရမယ့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။

Redmi 15A arrives with familiar specs - GSMArena.com news

ဒါ့အပြင် ဒီဖုန်းမှာ 15W အားသွင်းစနစ် ပါဝင်သလို တခြားဖုန်းတွေကို 7.5W နဲ့ အားပြန်မျှပေးနိုင်တဲ့ Reverse Charging စနစ်လည်း ပါဝင်ပါသေးတယ်။ ဖုန်နဲ့ ရေစိုဒဏ်ခံနိုင်တဲ့ IP52 အဆင့်ရှိပြီး ဘေးဘောင်မှာ လက်ဗွေဖတ်စနစ်နဲ့ နားကြပ်ပေါက်လည်း ပါရှိပါတယ်။ အရောင်အနေနဲ့ အပြာရောင်၊ ခရမ်းရောင်နဲ့ အနက်ရောင်ဆိုပြီး ၃ မျိုး ထွက်ရှိမှာဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ RAM 4GB/64GB အမျိုးအစားကို အိန္ဒိယရူပီး ၁၂,၉၉၉ (မြန်မာငွေ ၆ သိန်းဝန်းကျင်) ကနေ စတင်မှာဖြစ်ပြီး အမြင့်ဆုံး 6GB/128GB အမျိုးအစားဆိုရင်တော့ ရူပီး ၁၆,၄၉၉ (မြန်မာငွေ ၇ သိန်းခွဲကျော်) ကျသင့်မှာ ဖြစ်ပါတယ်။ လာမယ့် ဧပြီလ ၃ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref : gsmarena