ဆရာဝန်ပေါင်းများစွာ ၂၅ နှစ်တိုင်အောင် အဖြေရှာမရခဲ့တဲ့ ဦးလေးဖြစ်သူရဲ့ ရောဂါအခြေခံအကြောင်းရင်းကို Claude AI ရဲ့ အကူအညီနဲ့ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Reddit အသုံးပြုသူတစ်ဦးက ပြောကြားလိုက်ပါတယ်။ အသက် ၆၂ အရွယ် အဲဒီလူနာဟာ ကျောက်ကပ်ပျက်စီးတာ၊ ဆီးချိုရောဂါနဲ့ တခြားဝေဒနာတွေ ခံစားနေရသူဖြစ်ပေမဲ့ ထူးခြားတာက လှဲအိပ်လိုက်တဲ့အခါတိုင်းမှာပဲ အကြောင်းရင်းရှာမရတဲ့ ခေါင်းကိုက်ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရတာ ဖြစ်ပါတယ်။

Claude AI cracks 62-year-old Indian man's undiagnosed sleep apnea that  doctors missed for 25 years

Reddit အသုံးပြုသူဟာ ဦးလေးဖြစ်သူရဲ့ ဆေးမှတ်တမ်းတွေကို AI ဆီ ပေးပို့ဆန်းစစ်ခိုင်းရာမှာ AI က ရောဂါလက္ခဏာတွေဟာ ခန္ဓာကိုယ်အနေအထားအပေါ် မူတည်ပြီး ဖြစ်ပေါ်နေတာကို ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် အိပ်နေစဉ် အသက်ရှူရပ်နားခြင်း (Sleep Apnea) ဖြစ်နိုင်ခြေရှိကြောင်းလည်း အကြံပြုခဲ့တာပါ။

Anthropic's Claude: What You Need to Know About This AI Tool - CNET

အဲဒီနောက် အိပ်စက်မှုဆိုင်ရာ စမ်းသပ်စစ်ဆေးချက် (Sleep Study) ပြုလုပ်ခဲ့ရာမှာ AI အကြံပြုချက်အတိုင်း မှန်ကန်နေတာကို တွေ့ရှိခဲ့ရပါတယ်။ လက်ရှိမှာတော့ CPAP လို့ခေါ်တဲ့ အသက်ရှူစက်ကို အသုံးပြုပြီး ကုသမှုခံယူရာမှာ ဆယ်စုနှစ် ၂ ခုကျော်ကြာ နှိပ်စက်ခဲ့တဲ့ ခေါင်းကိုက်ဝေဒနာတွေ ယူပစ်သလို ပျောက်ကင်းသွားပြီလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ လူတစ်ဦးရဲ့ ပြောကြားချက်အပေါ် အခြေခံထားတာ ဖြစ်ပေမဲ့ ရောဂါရှာဖွေရေးပိုင်းမှာ AI နည်းပညာရဲ့ ကူညီပံ့ပိုးပေးနိုင်စွမ်းနဲ့ ပတ်သက်ပြီး အင်တာနက်အသုံးပြုသူတွေကြားမှာ စိတ်ဝင်တစား ဆွေးနွေးမှုတွေ မြင့်တက်လာခဲ့ပါတယ်။

Ref : Fossbytes