Xiaomi ရဲ့ ဥက္ကဋ္ဌ Lu Weibing က Redmi K90 Max ကို ဒီလကုန်ပိုင်းမှာ မိတ်ဆက်တော့မယ်လို့ Weibo လူမှုကွန်ရက်ကနေ တရားဝင် အတည်ပြုလိုက်ပါတယ်။ ဒီဖုန်းဟာ လူအများ မျှော်လင့်နေကြတဲ့ K90 Ultra ရဲ့ နာမည်သစ်လား ဒါမှမဟုတ် မော်ဒယ်အသစ်လားဆိုတာ ဝေခွဲမရသေးပေမဲ့ ပါလာမယ့် နည်းပညာတွေကတော့ တကယ့်ကို အလန်းစားတွေပါပဲ။

Xiaomi bringing new rival to Huawei's Fan phone - Redmi K90 Max - Huawei  Central

K90 Max ရဲ့ အထူးခြားဆုံးအချက်ကတော့ ဖုန်းအပူချိန်ကို ထိန်းညှိပေးမယ့် Active Cooling Fan (ပန်ကာ) ပါဝင်လာတာဖြစ်ပါတယ်။ တခြားပြိုင်ဘက် ဖုန်းတွေထက် ပန်ကာဒိုင်ယာမီတာ ပိုကြီးမယ့်အပြင် လေဝင်ရောက်မှု ပမာဏဟာလည်း ၃၀ ရာခိုင်နှုန်းပိုများမယ်လို့ Lu က ဆိုပါတယ်။ ဒီပန်ကာကို အရှိန် ၃ ဆင့်အထိ ချိန်ညှိနိုင်ပြီး အမြင့်ဆုံးအဆင့်မှာဆိုရင် စက္ကန့် ၁၀၀ အတွင်း ဖုန်းအပူချိန်ကို ၁၀ ဒီဂရီအထိ ချပေးနိုင်မှာပါ။ အသံဆူညံမှုကလည်း အနိမ့်ဆုံးအဆင့်မှာ 32dB ပဲရှိလို့ တိတ်ဆိတ်နေမှာ ဖြစ်ပါတယ်။

Redmi K90 Max is coming this month with a massive cooling fan -  GSMArena.com news

အံ့ဩစရာကောင်းတာက ပန်ကာကြီး ပါဝင်နေပေမဲ့ ဒီဖုန်းဟာ IP66/68/69 အဆင့်အထိ ဖုန်နဲ့ ရေဒဏ်ကို ခံနိုင်ရည်ရှိမှာပါ။ အခုဆိုရင် တရုတ်နိုင်ငံမှာ ယွမ် ၉.၉  ထဲနဲ့ ကြိုတင်စာရင်းပေးသွင်းထားနိုင်ပြီး ဖုန်းထွက်လာတဲ့အခါ ယွမ် ၃,၆၀၀  တန်ဖိုးရှိတဲ့ လက်ဆောင်ပစ္စည်းတွေကို ရရှိဦးမှာ ဖြစ်ပါတယ်။

နောက်ရက်တွေမှာတော့ ဒီဖုန်းနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ထပ်ထွက်လာဦးမှာဖြစ်လို့ ဂိမ်းကစားတာ ဝါသနာပါတဲ့သူတွေအတွက်တော့ စောင့်ကြည့်ရကျိုးနပ်မယ့် ဖုန်းတစ်လုံး ဖြစ်လာမှာ အသေအချာပါပဲ။

Ref : gsmarena