၂၀၂၅ ခုနှစ်ဟာ အမေရိကန်နိုင်ငံသားတွေအတွက် ဆိုင်ဘာလိမ်လည်မှုဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှုပမာဏဟာ ဒေါ်လာ ၂၁ ဘီလီယံနီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ FBI က ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂၆ ရာခိုင်နှုန်းကျော် ခုန်တက်သွားတာဖြစ်ပြီး လိမ်လည်ခံရလို့ တိုင်ကြားစာပို့သူ အရေအတွက်ဟာလည်း ပထမဆုံးအကြိမ်အဖြစ် ၁ သန်းကျော်အထိ ရှိလာခဲ့တာပါ။

FBI: Americans lost a record $21 billion to cybercrime last year U.S.  victims lost nearly $21 billion to cyber-enabled crimes last year, driven  primarily by investment scams, business email compromise, tech support

လိမ်လည်သူတွေရဲ့ အဓိကပစ်မှတ်ကတော့ ရင်းနှီးမြှုပ်နှံမှု အလိမ်အညာတွေဖြစ်ပြီး ဆုံးရှုံးမှုအားလုံးရဲ့ ထက်ဝက်နီးပါး (ဒေါ်လာ ၈.၆ ဘီလီယံ) ရှိခဲ့ပါတယ်။ အထူးသဖြင့် ခရစ်ပတို (Crypto) ငွေကြေးလိမ်လည်မှုတွေက ဒေါ်လာ ၁၁ ဘီလီယံကျော်အထိ အကြီးအကျယ် ထိုးနှက်ခဲ့တာဖြစ်ပြီး Phishing နဲ့ ခြိမ်းခြောက်ငွေတောင်းတဲ့ နည်းလမ်းတွေကို အသုံးအများဆုံးပဲ ဖြစ်ပါတယ်။

$21 billion stolen from more than 1 million Americans due to cybercrime in  2025 — $11 billion come from stolen crypto, $8.6 billion taken from investment  scams, while AI-related attacks cost $893 million

ဒီရာဇဝတ်မှုတွေမှာ အသက် ၆၀ ကျော်အရွယ် အဘိုးအဘွားတွေဟာ အဓိကသားကောင်တွေ ဖြစ်ခဲ့ရပြီး သူတို့ဆီကတင် ဒေါ်လာ ၇.၇ ဘီလီယံအထိ လိမ်လည်ခံခဲ့ရပါတယ်။ တဖက်မှာလည်း FBI ရဲ့ ကြားဝင်ဖြတ်တောက်မှုတွေကြောင့် ဒေါ်လာ ၆၇၉ သန်းလောက်ကိုတော့ ဆုံးရှုံးမသွားအောင် ပြန်လည်ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

အကြောက်စရာအကောင်းဆုံးကတော့ AI နည်းပညာကိုသုံးပြီး လိမ်လည်လာကြတာပဲ ဖြစ်ပါတယ်။ အသံတုလုပ်တာ၊ ရုပ်တုဗီဒီယို (Deepfake) တွေသုံးတာ၊ စာရွက်စာတမ်းအတုတွေ ဖန်တီးတာတွေကြောင့် လူပေါင်း ၂ သောင်းကျော် လိမ်လည်ခံခဲ့ရပြီး ဆုံးရှုံးမှုပမာဏ ဒေါ်လာ ၈၉၃ သန်းအထိ ရှိခဲ့တာကြောင့် ဆိုင်ဘာလုံခြုံရေးအတွက် သတိပေးခေါင်းလောင်းသံတွေ ပိုမိုကျယ်လောင်လာနေပါတယ်။

Ref : Fossbytes