Meta ကုမ္ပဏီက စင်ကာပူအခြေစိုက် AI Startup Manus ကို ဒေါ်လာ ၂ ဘီလီယံနဲ့ ဝယ်ယူလိုက်တဲ့အစီအစဉ်ကို တရုတ်အစိုးရက ပယ်ဖျက်ခိုင်းလိုက်ပါတယ်။ Manus ဟာ တရုတ်မှာ အခြေတည်ပြီးမှ စင်ကာပူကို ပြောင်းရွှေ့သွားတဲ့ ကုမ္ပဏီဖြစ်တာကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေနဲ့ မကိုက်ညီဘူးလို့ တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင်က ဆိုပါတယ်။ ဒါဟာ နည်းပညာလောကမှာ ဟိုးလေးတကျော်ဖြစ်သွားတဲ့ အကြီးစား ပိတ်ပင်မှုတစ်ခုပဲ ဖြစ်ပါတယ်။

 

ဒီကြားဝင်နှောင့်ယှက်မှုဟာ အမေရိကန်နဲ့ တရုတ်ကြားက နည်းပညာစစ်ပွဲ ပိုပြင်းထန်လာတာကို ပြနေပါတယ်။ အမေရိကန်က တရုတ် AI တွေကို ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ တားမြစ်ထားသလို၊ တရုတ်ကလည်း သူတို့ရဲ့ ထက်မြက်တဲ့ AI ပညာရှင်တွေ ပြည်ပကို ထွက်မသွားအောင် အတင်းဆွဲထားတာပါ။ အခုလို ပိတ်ပင်လိုက်တာဟာ တရုတ်ကနေ စင်ကာပူကို အခြေစိုက်ပြောင်းပြီး နိုင်ငံတကာစောင့်ကြည့်မှုတွေကို ရှောင်ဖို့ ကြိုးစားနေတဲ့ “Singapore-washing” လုပ်ငန်းပုံစံအတွက် အကြီးမားဆုံး သတိပေးချက် ဖြစ်သွားပါတယ်။

China Blocks Meta's $2 Billion Acquisition of AI Firm Manus - Bloomberg

Manus ဟာ စျေးကွက်သုတေသနနဲ့ ကုဒ်ရေးတာတွေကို ကိုယ်တိုင်လုပ်နိုင်တဲ့ AI အေးဂျင့်တွေကြောင့် “နောက်ထပ် DeepSeek” လို့တောင် နာမည်ကြီးနေတဲ့ ကုမ္ပဏီပါ။ Meta ကတော့ သူတို့ရဲ့ AI အစွမ်းထက်ဖို့ ဒီ Startup ကို လက်ဝါးကြီးအုပ်ချင်ပေမဲ့ တရုတ်ရဲ့ နည်းပညာတင်ပို့မှု ထိန်းချုပ်ရေးဥပဒေတွေနဲ့ တိုးပြီး လမ်းခုလတ်မှာတင် ရပ်တန့်သွားရတာပဲ ဖြစ်ပါတယ်။

Ref: cnbc